ပြားရွာရှိဒေသခံများအား အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်းခဲ့မှုကြောင့် နားမကြားရသည့် မသန်စွမ်းပြည်သူ နှင့် (၃)နှစ် အရွယ် ကလေးငယ် အပါအဝင် ပြည်သူ(၆) ဦးသတ်ဖြတ်ခံရသည့် ဖြစ်စဉ်
နိုဝင်ဘာလ(၇) ရက်နေ့ နံနက် (၅) နာရီ (၄၀)မိနစ် အချိန်တွင် နွားထိုးကြီးမြို့နယ်၊ ပဲကြီးခင်းမှ ကုန်းကြောင်းဖြင့် ထွက်ခွာလာသည့် အကြမ်းဖက်စစ်အုပ်စု အင်အား (၃၀)ကျော်နှင့် ဒေသကာကွယ်ရေးတပ်များသည် ပြားရွာနှင့် (၂) မိုင်ဝေးသည့် နေရာတွင် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ပြားရွာထိပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သည့်အပြင် မြင်းခြံဘက်မှ စစ်ကူလာသည့် four wheel ကား(၂) စီးနှင့် light truck ကား(၁)စီးတို့ ပူးပေါင်းကာ အကြမ်းဖက်စစ်အုပ်စု၊ ရဲနှင့် ပျူစောထီး ပူးပေါင်း အင်အား (၇၀) ကျော်ဖြင့် ပြားရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ရာ ပြည်သူ(၆)ဦးသတ်ဖြတ်ခံခဲ့ရသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။
ဆက်စပ်အကြောင်းအရာများ



