ကသာမြို့နယ်တုပ်ကြီးရွာအတွင်း နေအိမ်(၄၅)လုံးအားမီးရှို့ခြင်း၊ ပြည်သူ(၇)ဦး အား သတ်ဖြတ်ခြင်း များပြုလုပ်သည့်ဖြစ်စဉ်

ကသာမြို့နယ်တုပ်ကြီးရွာအတွင်း နေအိမ်(၄၅)လုံးအားမီးရှို့ခြင်း၊ ပြည်သူ(၇)ဦး အား သတ်ဖြတ်ခြင်း များပြုလုပ်သည့်ဖြစ်စဉ်

 
စက်တင်ဘာလ (၁၇) ရက်မနက် (၉)နာရီကျော်အချိန်ခန့်တွင် ကသာမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်းဗန်းမော်မြို့သို့ စစ်သင်္ဘော(၆) စီးဖြင့် လာသည့် တပ်မ (၈၈) ၊လက်အောက်ခံ တပ်(၃၁၇) နှင့် PDF များ တိုက်ပွဲဖြစ်ပွား၊ အကြမ်းဖက် စစ်အုပ်စုက တုပ်ကြီးရွာသို့ လက်နက်ကြီးများ ဖြင့် ပစ်ခတ်ကာစစ်သင်္ဘောအားကျောက်ချပြီးနောက် အင်အား (၁၅) ယောက်ခန့် တုပ်ကြီးရွာအတွင်းသို့ ဝင်ရောက်ကာ နေအိမ် (၄၅)လုံးအား မီးရှို့ကာ ပြည်သူများအား အကြမ်းဖက် မီးရှို့သတ်ဖြတ်ခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

အသေးစိတ်အချက်အလက်များကိုအောက်ပါ လင့်တွင် ဒေါင်းလုပ် ရယူနိင်ပါသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။