လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စများအား စနစ်တကျ မှတ်တမ်းတင် စုဆောင်းထိမ်းသိမ်းပြီး တရားဥပဒေနှင့် အမှန်တရားဖော်ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲ တစ်ရပ် ကျင်းပ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး၀န်ကြီးဌာန၏ ဦးတည်ချက်တစ်ခုအဖြစ် နှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အထူးသဖြင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပိုမိုဆိုးရွားလာသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်သည့် ရာဇဝတ်မှုများအား မှတ်တမ်းတင်အရေးယူနိုင်ရန် အစီအစဥ်များ ချမှတ်ထားပါသည်။ ထိုအစီအစဥ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျ မှတ်တမ်းတင် လုပ်ဆောင်နေသော ပြည်တွင်းပြည်ပ အဖွဲ့များနှင့် တွေ့ဆုံ၍ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စများအား စနစ်တကျ မှတ်တမ်းတင် စုဆောင်းပြီး တရားဥပဒေနှင့် အမှန်တရားဖော်ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ တစ်ခုကို ၂၀၂၁ ခုနှစ် မေလ (၁၈) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ အဖွဲ့များက ၎င်းတို့ လုပ်ဆောင်နေသော သတင်းအချက်အလက်စုဆောင်းမှုအခြေအနေများ၊ စုဆောင်းသည့် နည်းလမ်းများ နှင့် အဆိုပါ သတင်းအချက်အလက်များ စုဆောင်းရာတွင် တစ်ဖွဲ့နှင့် တစ်ဖွဲ့ပူးပေါင်းချိတ်ဆက်လုပ်ဆောင်နိုင်မည့် အကြောင်းအရာကိစ္စများ ကို အသီးသီး ရှင်းလင်းတင်ပြခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးရာတွင် လူ့အခွင့်အရေးချိုးဖောက်မှု နှင့် စပ်လျဉ်းသည့် အချက်အလက်များသည် တစ်ချိန်တွင် အမှန်တရားဖော်ထုတ်ရန်အတွက် အရေးကြီးသော သက်သေအထောက်အထားများဖြစ်သည့်အတွက် အချက်အလက်များကို စနစ်တကျစုဆောင်းရန် လိုအပ်ကြောင်း၊ ယင်းသို့ စုဆောင်းသည့်နေရာတွင်လည်း တိကျခိုင်လုံပြီး အရေးကြီးသည့် မှတ်တမ်းအချက်အလက်များကို ရရှိရန်အတွက် အားလုံးက ညီညီညွတ်ညွတ်ဖြင့် တိုင်ပင်ညှိနှိုင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ တိုင်ကြားလာသောအကြောင်းအရာအချက်အလက်များကို စိတ်ချလုံခြုံစွာဖြင့် အသုံးပြုနိုင်ရန် နှင့် ပေးပို့သူများ၏ အန္တရာယ်ကို အထူးကာကွယ်ပေးရန် လိုအပ်ကြောင်း မှာကြားပါသည်။
ဆက်လက်ပြီး တက်ရောက်လာသည့် အဖွဲ့များက လက်ရှိလုပ်ဆောင်နေသော အွန်လိုင်းတွင် အချက်အလက်များ စုဆောင်းသည့် လုပ်ငန်းကိစ္စများအကြောင်းကို ဖလှယ်ခြင်း၊ လုပ်ငန်းများထပ်နေခြင်းမျိုး မရှိစေရန်အတွက် ညှိနှိုင်းဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ရှေ့ဆက်ပြီး မြန်မာနိုင်ငံအမျိုးသားညီညွတ်ရေး အစိုးရအတွက် လိုအပ်သောအချက်အလက်များ ပံ့ပိုးပေးနိုင်ရန် ပြင်ဆင်ခြင်းများ ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဝန်ကြီးဌာနအနေဖြင့် လူအခွင့်အရေးချိုးဖောက်မှု ကိစ္စရပ်များကို ပြည်သူလူထုကိုယ်တိုင်က တိုက်ရိုက်တိုင်ကြားနိုင်မည့် တိုင်ကြားမှုယန္တရားများ အမြန်ဆုံး ထူထောင်ခြင်း၊ အချက်အလက်များကို စိတ်ချလုံခြုံစွာဖြင့် ပေးပို့ အသုံးပြုနိုင်ရေးအတွက် လုံခြုံမှုဆိုင်ရာကိစ္စများကို အလေးထား ပြင်ဆင်ခြင်းများအား လုပ်ဆောင်သွားရန် ရှိပါကြောင်း၊ ထို့ပြင် မှတ်တမ်းစုဆောင်ခြင်းလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ကြသူများအနေဖြင့် စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် သတင်းအချက်အလက်ကောက်ယူခြင်းနှင့် လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုများ၊ ဆွေးနွေးပွဲများ၊ အရည်အချင်းမြှင့်တင်မှုလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း

Facebook
Twitter
LinkedIn

ဆက်စပ်ပိုစ့်များ

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။