အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်စွာ အကြမ်းဖက် ချေမှုန်းခံရသော အပြစ်မဲ့ပြည်သူများအတွက် ၁မိနစ်ခန့်ငြိမ်သက် ဆုတောင်း

အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်စွာ အကြမ်းဖက် ချေမှုန်းခံရသော အပြစ်မဲ့ပြည်သူများအတွက် ၁မိနစ်ခန့်ငြိမ်သက် ဆုတောင်း

ဧပြီလ ၂၃ ရက်နေ့က Australia နိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်စွာ အကြမ်းဖက် ချေမှုန်းခံရသော အပြစ်မဲ့ပြည်သူများအတွက် ဆုတောင်းပွဲနှင့် ရန်ပုံငွေစျေးရောင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
 
အဆိုပါ အခမ်းအနားသို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ခွန်းဗဟန်းထန်က “ယနေ့ကြွရောက်လာကြသော တော်လှန်ရေး မိတ်ဆွေ ရဲဘော်ရဲဘက်များအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ NUG အစိုးရဖွဲ့စည်းပြီးနောက် ပြည်ပ နိုင်ငံ ၈ နိုင်ငံတွင် ရုံးခွဲများ ဖွင့်လှစ်၍ အစိုးရတရပ် အနေဖြင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း Australia နိုင်ငံတွင် ရုံးခွဲဖွင့်လှစ်နိုင်ခဲ့ခြင်းမှာလည်း မိဘပြည်သူများ၏ စည်းလုံးညီညွတ်မှုကြောင့် ဖြစ်ကြောင်း တော်လှန်ရေးအတွက် ဆက်လက်၍ ဆောင်ရွက်နိုင်ရန် မိဘပြည်သူများ၏ အားပေးကူညီမှု လိုအပ်ပါကြောင်း” အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားခဲ့သည်။
 
ဆက်လက်၍ သြစေတးလျနိုင်ငံ NUG/ CRPH အထူးကိုယ်စားလှယ်ရုံး တာဝန်ခံ ဦးထွန်းအောင်ရွှေက ၂၀၂၂ ခုနှစ် အတွင်း ရန်ပုံငွေ စုစုပေါင်း သြစတေးလျဒေါ်လာ $ 95185 ရရှိခဲ့ကြောင်း မိမိတို့အနေဖြင့်လည်း စာရင်းမှတ်တမ်းများထားရှိသုံးစွဲပါကြောင်းနှင့် ရုံးခွဲများ ထပ်မံဖွင့်လှစ်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
ထို့နောက် တက်ရောက်လာကြသော မိဘပြည်သူများက သိရှိလိုသည်များ မေးမြန်ဆွေးနွေးခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး ရန်ပုံငွေစျေးရောင်းပွဲအား အောင်မြင်စွာကျင်းပပြုလုပ်ခဲ့သည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။