ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ပြည်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာ စာချုပ် ဆိုင်ရာလူ့အခွင့်အရေး ကော်မတီဝင်များနှင့် တွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာ စာချုပ် (International Covenant of Civil and Political Rights) ဆိုင်ရာလူ့အခွင့်အရေးကော်မတီ Human Rights Committee) ကော်မတီဝင်များနှင့် ဂျီနီဗာမြို့ ကုလသမဂ္ဂရုံးရှိ(Palais Wilson) တွင် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရသည့် ပြည်သူ့ရေးရာအခွင့်အရေးများအခြအနေကို တင်ပြခဲ့ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာ စာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးရန် ဆန္ဒအပြည့်အဝရှိသည့်အတွက် စာချုပ်အား လက်မှတ်ရေးထိုးပြီး စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်နိုင်မည့် နည်းလမ်းများကို အပြန်အလှန်အကြံပြုဆွေးနွေးခဲ့ကြပါသည်။
ဆက်စပ်အကြောင်းအရာများ


