ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံသို့ ရောက်ရှိ မြန်မာမိသားစုများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နယူးဇီလန်နိုင်ငံသို့ ရောက်ရှိ မြန်မာမိသားစုများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ဖိတ်ကြားချက်အရ နယူးဇီလန်နိင်ငံ၊ မြို့တော် ဝယ်လင်တန်သို့ ၁၅-၅-၂၀၂၃ မွန်းလွဲပိုင်းတွင် ဆိုက်ရောက်ခဲ့ပြီး ဝယ်လင်တန်မြို့ရှိ မြန်မာပြည်ဖွား၊ မြန်မာပြည်သားများက လေဆိပ်ဆိုက်ရောက်ဆောင်တွင် လှိုက်လှဲစွာဖြင့် ကြိုဆိုခဲ့ကြပါသည်။ ယင်းညနေပိုင်းတွင် Porirua ရှိ Freedom Church Hall တွင် မြန်မာမိသားစုများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲ တခုတွင်လည်း တက်ရောက်ပေးခဲ့ကာ ညစာအတူသုံးဆောင်ခဲ့ပါသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။