ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း သြစတြေးလျပြည်ထောင်စုလွှတ်တော်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးရာပူးပေါင်းကော်တီ၏ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အဖွဲ့ဝင်များနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း နှင့် ဒုတိယပြည်ထောင်စုဝန်ကြီး၊ ခွန်းဗဟန်းထန်တို့ သည် ၂၀၂၃ ခုနှစ်၊ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် သြစတြေးလျပြည်ထောင်စုလွှတ်တော်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးရာ လွှတ်တော်ပူးပေါင်းကော်တီ၏ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အဖွဲ့ဝင်များနှင့် ပြည်ထောင်စုလွှတ်တော်ရှိ ကော်မတီခန်းမတွင် တွေ့ဆုံပြီး မြန်မာ့နွေဦးတော်လှန်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ မေလ ၈ ရက်နေ့ ကလည်း ဆစ်ဒနီမြို့ရှိ Gilbert + Tobin ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေများနှင့် တွေ့ဆုံခဲ့ပြီး အာဏာသိမ်းခေါင်းဆောင်များ၏ လူ့အခွင့်အရေးကျူးလွန်ဖေါက်ဖျက်မှုများ၊ ရာဇဝတ်မှု လုပ်ရပ်များအတွက် တာဝန်ခံယူရန်နှင့် တရားမျှတမှု ဖေါ်ဆောင်ရန် ကြိုးပမ်းမှုများကို အဓိကထား ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့်အတူ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဥပဒေအကြံပေး၊NUG Australia ဆိုင်ရာ ကိုယ်စားလှယ်နှင့်ရုံးအဖွဲ့များတက်ရောက်ခဲ့ကြသည်။
ဆက်စပ်အကြောင်းအရာများ


