ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်း နော်ဝေနိုင်ငံရှိ မြန်မာပြည်ဖွားပြည်သူများနှင့်တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်း နော်ဝေနိုင်ငံရှိ မြန်မာပြည်ဖွားပြည်သူများနှင့်တွေ့ဆုံ

၂၀၂၃ ခုနှစ်၊ မတ်လ (၂၆) ရက်
|
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တို့သည် မတ်လ (၂၆)ရက်တွင် နော်ဝေနိုင်ငံ Froland မြို့ရှိ မြန်မာ့ နွေဦးတော်လှန်ရေးကို အားပေးထောက်ခံနေကြသည့် မြန်မာပြည်သူပြည်သားများစုပေါင်းကျင်းပသည့် စျေးရောင်းပွဲနှင့် ရန်ပုံငွေရှာဖွေပွဲသို့တက်ရောက်၍ ပြည်သူများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ နိုင်ငံတကာရေးရာကိစ္စရပ်များနှင့် ဝန်ကြီးဌာနများ၏ လုပ်ဆောင်ချက် များကို ရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးတို့က ပြန်လည်ဖြေကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တို့သည် နော်ဝေနိုင်ငံ Froland တွင် ဖွင့်လှစ်ထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထိမ်းအမှတ်ပန်းခြံသို့ သွားရောက်ကာ ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေးသစ်ပင်ကို အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားပြုကာ စိုက်ပျိုးခဲ့ကြပါ
သည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။