အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန တယ်လီဂရမ်ချယ်နယ် စတင်ဖွင့်လှစ်ကြောင်း အသိပေးကြေညာခြင်း
March 5,2023
အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတယ်လီဂရမ်ချန်နယ် စတင်ဖွင့်လှစ်ကြောင်း ပြည်သူများသိစေရန် အသိပေးကြေညာအပ်ပါသည်။
အဆိုပါတယ်လီဂရမ်ချန်နယ်တွင် လူ့အခွင့်အရေးဆိုင်ရာ သိသင့်သိထိုက်သော အချက်အလက်များ၊ ပြည်သူ အပေါ် ကျူးလွန်နေသော အကြမ်းဖက်စစ်တပ်၏ ရာဇဝတ်မှုများကို အချိန်နှင့်တပြေးညီ ထုတ်ပြန် ကြေညာခြင်း အပါအဝင် ဝန်ကြီးဌာန၏ မူလ ရင်းမြစ် တာဝန်တစ်ရပ်ဖြစ်သော တရားမျှတမှု ပြန်လည်ရရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်မှု၊တိုးတက်မှု စသည့် အချက်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။
အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများနှင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူပြည်သားတို့ အပေါ် အခြားသော လူမှုအဖွဲ့အစည်းများ၊ လက်နက်ကိုင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကိုပါ ပေးပို့ တိုင်ကြားနိုင်ရေးအတွက် တိုင်ကြားရေးယန္တရားPlatform အသစ် တစ်ခုအနေဖြင့် telegram platform မှ တဆင့် အသစ်ထပ်မံ တိုးချဲ့ တိုင်ကြားနိုင်ပြီဖြစ်ကြောင်းလည်း ကြေညာအပ်ပါသည်။
သို့ပါ၍ ပြည်သူလူထုအနေဖြင့် အောက်ဖော်ပြပါ တယ်လီဂရမ် ချန်နယ်မှတဆင့် ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန် ချက်၊ အချက်အလက်များ၊ကြေညာချက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန် အောက်ဖော်ပြပါ channel Link အား subscribe ပြုလုပ်ပေးပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာများ