အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးများနှင့် မြန်မာအရေး ကူညီ ဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုအဖွဲ့ဝင် ၀န်ကြီးများ နှင့် မြန်မာနိုင်ငံအရေး ကူညီဆောင်ရွက်ပေးနေသော ဂျပန်နိုင်ငံ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပူးတွဲကြေငြာချက်တစ်စောင် ရေးထိုး ထုတ်ပြန်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် ဂျပန်လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ ဥက္ကဌ Mr. Nakagawa အမျိုးသားညီညွတ်ရေးအစိုးရ ဒုသမ္မတ ဒူဝါလရှီးလ နှင့် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် မတရားဖမ်းဆီးခံရပြီး ဂျပန်နိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ ဂျပန်နိုင်ငံသား ဂျာနယ်လစ် Mr. Yiki Kitazumi က မြန်မာနိုင်ငံမှာ တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း စစ်ကောင်စီ၏ အာဏာသိမ်းမှုသည် မြန်မာ့ဒီမိုကရေစီအရေးသာမက တစ်ကမ္ဘာလုံးရှိ ဒီမိုကရေစီ အရေးကိုပါ ခြိမ်းခြောက်လာနေကြောင်း၊ စစ်အာဏာရှင်သာ တည်တံ့ခိုင်မြဲနေလျှင် ကမ္ဘာပေါ်မှာ နောက်ထပ်အာဏာရှင်တွေ ပေါ်ပေါက်လာတာကို ခွင့်ပြုလိုက်သကဲ့သို့ ဖြစ်နေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း စစ်ကောင်စီက မြန်မာပြည်သူလူထုကို အကြမ်းဖက်သမားများဟု သုံးစွဲနေတာကို လက်မခံနိုင်ကြောင်း၊ စစ်ကောင်စီ၏ ပြည်သူများအပေါ် လူမဆန်စွာ နှိပ်စက်ညှင်းပမ်းနေမှုများကြောင့် မြန်မာပြည်သူလူထု အနေဖြင့် မိမိကိုယ်ကို ခုခံ ကာကွယ်နေရခြင်း ဖြစ်ကြောင်း၊ ဒီလို စစ်ကောင်စီက မြန်မာပြည်သူလူထုကို အကြမ်းဖက်သမားများဟု သုံးစွဲနေခြင်းကို တစ်ကမ္ဘာလုံးက ကန့်ကွက်ရှုတ်ချသင့်ကြောင်း ပြောကြားခဲ့ပါသည်။
မေးမြန်းလာသော မေးခွန်းများအနက် လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် မေးခွန်းများကို လူ့အခွင့်အရေးဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် လူမျိုးစုများအပေါ်ခွဲခြားဖိနှိပ်သည့် ၁၉၈၂ နိုင်ငံသားဥပဒေအပါအဝင် အခြားဖိနှိပ်သည့်ဥပဒေများအားလုံးကို ဖျက်သိမ်းရန်လိုအပ်ကြောင်းနှင့် နိုင်ငံသားများအားလုံးကို ခွဲခြားမှုမရှိသည့် ဖယ်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကလဲ ကာကွယ််ပေးနိုင်ရန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဂျပန်လွှတ်တော်အနေနှင့် အမျိုးသားညီညွတ်ရေးအစိုးရကို အပြည့်အဝထောက်ခံပြီး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဂျပန်အစိုးရကလည်း ပြည်သူ့အစိုးရအဖြစ်လက်ခံလာအောင် လွှတ်တော်က တင်ပြသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။
Facebook
Twitter
LinkedIn
ဆက်စပ်ပိုစ့်များ

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး
ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊

“Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံသို့ ပြည်ထောင်စုဝန်ကြီတက်ရောက်
“Improving the support and protection

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်း
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ်

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ ဒီဇင်ဘာလ
