လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် အဖွဲ့ နော်ဝေအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Erling Rimestad နှင့် တွေ့ဆုံ

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် အဖွဲ့ နော်ဝေအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Erling Rimestad နှင့် တွေ့ဆုံ

ဇန်နဝါရီလ (၃၁)ရက် ၂၀၂၃
 
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့် အဖွဲ့သည် နော်ဝေအစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Erling Rimestad ဦးဆောင်သည့်အဖွဲ့နှင့် နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အား ထိပါးသည့် ရာဇဝတ်မှုများနှင့် စစ်တပ်က စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲဆိုင်ရာအကြောင်းအရာများကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အောက်ပါအချက်များကို တောင်းဆိုခဲ့ပါသည်-
  • အမျိုးသားညီညွတ်ရေးအစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိမှတ်ပြုပါရန်
  • စစ်အကြမ်းဖက်အုပ်စုနှင့် ၎င်း၏ လက်ကိုင်တုတ် ခရိုနီများအပေါ်စီးပွါးရေးပိတ်ဆို့အရေးယူရန်
  • မြန်မာစစ်အကြမ်းဖက်အုပ်စုအား အပြစ်ပေးအရေးယူနိုင်ရေး ASEAN မှ တောင်းဆိုနေသည့် နိုင်ငံတကာ အကူညီပေးမှုဆိုင်ရာကမ်းလှမ်းချက်များကို နော်ဝေနိုင်ငံဖြင့် ထောက်ခံအားပေး ကူညီပေးရန်
  • အရေးပေါ်လိုအပ်နေသော ရိက္ခာ၊ အကူအညီနှင့် ဆေးဝါးများကို နယ်စပ်ဖြတ်ကျော် ပို့ဆောင် ပေးပါရန်
  • နော်ဝေနိုင်ငံအနေဖြင့် ယခင်နှစ်က မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဆန္ဒပြုထောက်ခံခဲ့မှုအား ယခုနှစ်တွင်လည်း ဆက်လက်ထောက်ခံမှုပြုပေးပါရန်နှင့်ကာကွယ်မှုပြုပေးပါရန်
  • အကြမ်းဖက်စစ်အုပ်စုအားအပြစ်ပေးအယူနိုင်ရေးနှင့် မြန်မာပြည်သူလူထုအတွက် တရားမျှတမှုဆောင်ကျဉ်းနိုင်ရေး ကူညီမှုပေးပါရန် စသည်တို့ကို တောင်းဆိုခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ၏ နော်ဝေဆိုင်ရာကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ ကိုယ်စားလှယ်ရုံး၏ ရုံးအဖွဲ့မှူးဒေါ်ဝတ်မှုန်ဝင်းနှင့် ကိုယ်စားလှယ်ရုံး၏ အကြံပေးပုဂ္ဂိုလ် ပါမောက္ခ Dr. Kristian Stokke တို့ ပါဝင်၍၊ နော်ဝေကိုယ်စားလှယ်အဖွဲ့တွင် Mr. Erling Rimestad နှင့်အတူ အရှေ့အာရှနှင့် ပင်လယ်ပိုင်းဒေသ ညွှန်ကြားရေးမှူး Ms. Kristin Emstad, လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် တန်းတူညီမှုရေးဌာန ညွှန်ကြားရေးမှူး Ms. Herborg Alvsåker, မြန်မာနိုင်ငံဆိုင်ရာ နော်ဝေအထူးကိုယ်စားလှယ် Ms. Giske Lillehammar နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းရေးမှူးအဖွဲ့၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ် Mr. Bent Bakken တို့ ပါဝင်ကြသည်။
 
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေအထူးကိုယ်စားလှယ် Ms. Giske Lillehammar နှင့် သီးသန့် တွေ့ဆုံ၍ မြန်မာ-နော်ဝေ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ကျယ်ပြန့်စွာ ဆွေးနွေးခဲ့ကြသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။