မင်းတပ် ဒေသခံ ပြည်သူလူထုခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး
မင်းတပ်ဒေသအတွင်းမှာ ဖြစ်ပွားနေတဲ့ လက်ရှိအခြေအနေများတင်ပြချက်များကို နားထောင်လေ့လာခဲ့ပါတယ်။ လတ်တလောမှာ ဘေးဒဏ်ခံပြည်သူတွေနဲ့ နေရပ်စွန့်ခွာ တိမ်းရှောင် ထွက်ပြေးနေကြရသူများအတွက် ဘေးကင်းလုံခြုံရေး၊ ကျန်းမာရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ လက်တွေ့ကျတဲ့ ပူးပေါင်းကူညီမှုများနဲ့ အရေးပေါ် အကောင်အထည်ဖော်ရမည့် နည်းလမ်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မဲ့အစီအစဥ်တွေကို ဖော်ထုတ်ပြင်ဆင်နိုင်ခဲ့ပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ဒေသခံများနဲ့ ပူးပေါင်းချိတ်ဆက်ပြီး ပြည်သူများအပေါ်ကျူးလွန်နေတဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်တဲ့ အရေးပေါ်အစီရင်ခံစာတစောင်ကို အမြန်ဆုံးပြင်ဆင်ရေးသားပြီး နိုင်ငံတကာသို့တင်ပြသွားမှာဖြစ်ပါတယ်။
မင်းတပ်ဒေသအတွင်း ဖြစ်ပွားနေသော သတင်းအချက်အလက်များနဲ့ မှတ်တမ်းများကို [email protected] သို့ ပေးပို့နိုင်ပါတယ်။
ဆက်စပ်ပိုစ့်များ

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး
ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊

“Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံသို့ ပြည်ထောင်စုဝန်ကြီတက်ရောက်
“Improving the support and protection

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်း
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ်

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ ဒီဇင်ဘာလ
