တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုစုံညီပွဲတော်တွင် လူ့အခွင့်အရေးဌာနဝန်ကြီးများအမှာစကားပြောကြား
ဒီဇင်ဘာ – ၁၆
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက သြစတျေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ မဲလ်ဗန် ခန်းမတွင် ရိုးရာ ယဉ်ကျေးမှုနှင့် ရိုးရာအစားအစာ ပွဲတော်ကို ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနှင့် ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်တို့မှ တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ ကချင်၊ ကရင်နီ၊ ချင်း၊ ကရင် ၊ရခိုင်၊မွန် တိုင်းရင်းသားများရိုးရာ အကအလှများ၊ မြန်မာ့ရိုးရာ အငြိမ့်၊ သံချပ်၊ ဆိုင်းဝိုင်းများ၊ ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဆစ်ဒနီ၊ မဲလ်ဘုန်းမှ မြန်မာပြည်ဖွား တိုင်းရင်းသားညီအကိုမောင်နှမများ အင်အား ၅၀၀ ကျော်ခန့် ပါဝင်ဆင်နွှဲခဲ့ပါသည်။
ဆက်စပ်အကြောင်းအရာများ


