သြစတေးလျရောက် မြန်မာအဖွဲ့အစည်းမှ မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာပြည်သူများအတွက် ရန်ပုံငွေရှာဖွေပွဲပြုလုပ်
သြဂုတ်လ ၁၈ ရက်နေ့ သြစတျေးလျနိုင်ငံ ကလေတန်ခန်းမတွင် သြစတျေးလျရောက်မြန်မာအဖွဲ့အစည်းမှ ဦးဆောင်ပြုလုပ်သည့် မြန်မာနိုင်ငံရှိ နေရပ်စွန့်ခွာပြည်သူများအတွက် ရန်ပုံငွေရှာဖွေပွဲကို ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါရန်ပုံငွေပွဲတွင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ခွန်းဗဟန်ထန်မှ ယနေ့ပွဲကို NUG ကိုယ်စားပြုအနေဖြင့် တက်ရောက်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ ဆောင်ရွက်ထားရှိမှုများ၊ NUG နှင့် EROs များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့မှုများ၊ NUCC အနေဖြင့် တော်လှန်ရေးကာလအလွန်တွင် လုပ်ဆောင်ရန်စီမံဆောင်ရွက်ထားရှိမှုများအကြောင်းနှင့် တော်လှန်ရေးတွင် အောင်ပွဲရရှိရန် ခိုင်မာသော ပံ့ပိုးကူညီမှုများသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်သည့်အတွက် ဤရန်ပုံငွေရှာပွဲကိုပါဝင်ကြသည့် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါကြောင်း အဖွင့်အမှာစကားတွင်ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်မှ သြစတေးလျရောက်မြန်မာအဖွဲ့အစည်းများနှင့် ရင်းနှီးစွာတွေ့ဆုံခဲ့ပြီး ရန်ပုံငွေရှာဖွေပွဲတွင် ပါဝင်အားပေးခဲ့သည်။
ဆက်စပ်အကြောင်းအရာများ


