ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အမေရိကန်အစိုးရ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အမေရိကန်အစိုးရ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း နှင့် အလုပ်သမားရေးဝန်ကြီးဌာန ၊နိုင်ငံတကာဆက်ဆံရေးအရာရှိ ဦးကျော်စိုးမိုး ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဒေါ်ခိုင်ဇာအောင်တို့သည် U.S. Department of Labor, International Labor Affairs Bureau ၏ Deputy Undersecretary ဖြစ်သူ Thea Mei Lee နှင့် U.S. Department of State Office of International Labor Affairs ၏ special representative ဖြစ်သူ Kelly M. Fay Rodriguez အပါအဝင်  အမေရိကန်အစိုးရအပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာတာဝန်ရှိသူများနှင့် ယနေ့ ၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ တွေ့ဆုံခဲ့ကြသည်။
 
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံရှိအလုပ်သမားများအပေါ် အခွင့်အရေးချိုးဖောက်မှုများကို အရေးယူဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ ၊ International Labor Conference တွင် စစ်မှန်သော အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များ ကိုယ်စားပြုတက်ရောက်ပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ ထိရောက်သော လုပ်ဆောင်မှုများ ပေါ်ပေါက်နိုင်ရေး အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးနှင့် ပါတ်သက်၍ လုပ်ဆောင်နိုင်မည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။