အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မဲလ်ဘုန်းမြို့ တွင် ကျင်းပပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မဲလ်ဘုန်းမြို့ တွင် ကျင်းပပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် ၂၈.၅.၂၀၂၃ ရက်နေ့မနက်ပိုင်းတွင် မဲလ်ဘုန်းမြို့သို့ရောက်ခဲ့ပြီး ဒုတိယပြည်ထောင်စုဝန်ကြီးခွန်းဗဟန်းထန်နှင့်အတူ မဲလ်ဘုန်းမြို့ရှိ CRPH/NUG support Group (Victoria Group) အဖွဲ့သားများက နွေးထွေးစွာကြိုဆိုခဲ့ကြပါသည်။
 
၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် Collingwood Town Hall ကျင်းပပြုလုပ်သည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပတ်သက်သောအကြောင်းအရာများ၊ လူ့အခွင့်အရေးဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများ၊ သြစတြေးလျနိုင်ငံခရီးစဉ်အတွင်း သြစတြေးလျပါလီမန်အမတ်များနှင့် အခြားသောတွေ့ဆုံမှုများ၊ သြစတြေးလျပြည်နယ်အသီးသီး၏ ခရီးစဉ်များအား ရှင်းလင်းပြောဆိုခဲ့ပါသည်။
 
ထို့အတူ ဒုတိယပြည်ထောင်စုဝန်ကြီး ခွန်းဗဟန်းထန်နှင့် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့မှလည်း လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဆောင်ရွက်မှုများ၊ ကိုယ်စားလှယ်ရုံး၏ သြစတြေးလျနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအကြောင်း ပြောဆိုတင်ပြခဲ့ကြပါသည်။
 
လူထုတွေ့ဆုံပွဲသို့ တက်ရောက်ကြသော မြန်မာ၊ မွန်၊ ရှမ်း၊ ချင်း၊ ကချင်၊ ကရင် အစရှိသော တိုင်းရင်းသားများနှင့် နိုင်ငံရေး တော်လှန်ရေးအစုအဖွဲ့များမှလည်း မိမိတို့ သိရှိလိုသော အကြောင်းအရာများအား မေးမြန်းမှု ပြုလုပ်ခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယပြည်ထောင်စုဝန်ကြီး၊ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တို့မှ အသီးသီး ပြန်လည်ဖြေကြားကာ လူထုတွေ့ဆုံပွဲအား ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ဆက်စပ်အကြောင်းအရာများ

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။