၂၀၂၁ ခုနှစ် ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်

နှစ်စဉ် ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ၀န်ကြီးဌာနများဖြစ်ကြသော လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ၀န်ကြီးဌာနတို့၏ ပူးတွဲထုတ်ပြန်ချက်တစ်ရပ်ဖြင့် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များ (Refugees)၊ ပြည်တွင်းစစ်ဘေးရှောင်များ (IDPs) နှင်တကွ ကမ္ဘာအဝှမ်းရှိဒုက္ခသည်များ၏ ကြံ့ကြံ့ခံရပ်တည်ရှင်သန်နိုင်သည့် စွမ်းပကားကို အလေးထား ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါသည်။

နိုင်ငံတကာဒုက္ခသည်များနေ့အား ၂၀၀၁ ခုနှစ်ကထည်းက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ သတ်မှတ်ကျင်းပလာခဲ့ရာ ယခုနှစ်သည် နှစ် (၂၀) ပြည့်နှစ်လည်းဖြစ်ပါသည်။ ယခုနှစ် ကမ္ဘာ့ဒုက္ခသည်များနေ့၏ ဆောင်ပုဒ်သည် Together we heal, learn and shine၊ မြန်မာဘာသာဖြင့် “အတူတကွ ကုစားကြ၊ လေ့လာကြ၊ တောက်ပအောင် လုပ်ဆောင်ကြ” ဖြစ်သည်။ 

ကုလသမဂ္ဂစာရင်းများအရ လက်ရှိကမ္ဘာပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် မိမိနေအိမ်မှ စွန့်ခွာ ထွက်လာရသူ (၇၉) သန်းရှိပြီး ၎င်းတို့အနက် (၂၆) သန်းမှာ နိုင်ငံတကာနယ်နမိတ်ကို ကျော်ဖြတ်ပြီး တခြားနိုင်ငံတွင် ခိုလှုံနေကြရသည့် ဒုက္ခသည်များဖြစ်ကြသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် ဒုက္ခသည်အရေအတွက် အများဆုံးစာရင်းတွင်ပါဝင်နေသောနိုင်ငံဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အဆက်ဆက်၏ ဖိနှိပ်အုပ်ချုပ်မှုများကြောင့် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများ၏ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ရိုဟင်ဂျာများအပါအဝင် မြန်မာရှိ တိုင်းရင်းသား ပြည်သူအများအပြားသည် အိမ်နီးနားချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ဘင်္ဂလား‌ဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများသာမက အခြားနိုင်ငံများသို့ပင် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်း တိုက်ခိုက်မှုများအပါအ၀င် လက်နက်ကြီးများဖြင့် ပြင်းထန်သည့် မြေပြင် ချေမှုန်းတိုက်ခိုက်မှုများကြောင့် ချင်း၊ ကရင်နီ၊ ကရင်၊ ကချင်၊ ရှမ်း‌၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်းနှင့် တနသာရီတိုင်း ဒေသတို့တွင် ပြည်တွင်းစစ်ဘေးရှောင်များ တိုးပွားလာခဲ့သည်။ UNHCR ၏ အချက်အလက်များအရ အာဏာမသိမ်းခင်ကာလက မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဘေးရှောင်အရေအတွက် စုစုပေါင်း()သန်းခန့် ရှိနေပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် နောက်ထပ် လူပေါင်း () သိန်း တိုးလာကြောင်း သိရှိရသည်။

ထို့ကြောင့် ဇွန်လ (၂၀) ရက်တွင်ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် မိမိတို့ဝန်ကြီးဌာနများအနေဖြင့် အောက်ပါ အချက်များကို တောင်းဆိုလိုက်သည်။ 

() အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အပြစ်မဲ့ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အကြမ်းဖက်မှု များ ကျူးလွန်နေခြင်းကို ချက်ချင်းရပ်တန့်ရန်၊

() လူသားချင်းစာနာမှုအကူအညီများကို နှောက်ယှက်ဖျက်စီးခြင်းနှင့် အကူအညီပေးနေသည့် လူသားချင်း စာနာမှုအကူအညီပေးနေသည့်သူများကို ဖမ်းဆီးခြင်းများကို ချက်ချင်းရပ်တန့်ရန်၊

() အိမ်နီးချင်းနိုင်ငံများအနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် မိမိနိုင်ငံတွင် လာရောက်ခိုလှုံလာသည့် မြန်မာနိုင်ငံမှ ဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားမှုဖြင့် ယာယီလက်ခံထားပြီး အန္တရာယ်ကျရောက်နိုင်သည့်ကာလအတွင်း မြန်မာနိုင်ငံသို့ အတင်းအကြပ်ပြန်လည်ပို့ဆောင်ခြင်းမပြုကြရန်၊

() ပြည်တွင်းစစ်ဘေးရှောင်များအတွက် လိုအပ်သော လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု အကူအညီများကို နယ်စပ်ဖြတ်‌‌ကျော်ပြီး ထောက်ပံ့ပေးနေသည့် အတွေ့အကြုံရှိသော အေဂျင်စီများ၊ ဒေသခံအဖွဲ့အစည်းများကို ခွင့်ပြု ပေးရန်၊

() နိုင်ငံတကာအစိုးရများအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်လိုအပ်နေသည့် အကူအညီ များဖြစ်သည့် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း နှင့် ဆေး၀ါးပစ္စည်းများကို ဒေသခံအဖွဲ့အစည့်း (CBOs, CSOs) များနှင့် လက်တွဲပူးပေါင်း၍ကူညီထောက်ပံ့မှုများပြုလုပ်ရန်၊

() နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း နိုင်ငံတကာရာဇဝတ်များကျူးလွန်နေပြီး ဒုက္ခသည် အရေအတွက်ကို တိုးပွားစေသည့် အာဏာသိမ်းစစ်ကောင်စီအပေါ် အရေးယူဆောင်ရွက်မှုများကို လက်တွဲလုပ်ဆောင်ရန်၊

မြန်မာနိုင်ငံမှ ဒုက္ခသည်များအပါအဝင် ကမ္ဘာတဝှမ်းလုံးရှိ ဒုက္ခသည်များအတွက် “အတူတကွ ကုစားကြ၊ လေ့လာကြ၊ တောက်ပအောင် လုပ်ဆောင်ကြ” ပါရန် ယနေ့ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် တိုက်တွန်း နှိုးဆော်လိုက်ပါသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊

လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့်

အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ

နေ့စွဲ။ ၂၀ ဇွန် ၂၀၂၁။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ကမ္ဘာ့ဒုက္ခသည်များနေ့ သဝဏ်လွှာ

Facebook
Twitter
LinkedIn

ဆက်စပ်ပိုစ့်များ

အကြမ်းဖက်စစ်အုပ်စုက ထုတ်ပြန်ခဲ့သော စစ်မှုထမ်းဥပဒေ အသုံးချ၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို သတင်းပေးပို့တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနhttps://mohr.nugmyanmar.org/ ထုတ်ပြန်ကြေငြာချက်အမှတ်(၂ /၂၀၂၄)၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း

Read More »

ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်အပါအဝင်နိုင်ငံ (၈) နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲ သဘောထားထုတ်ပြန်ချက်

ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်အပါအဝင်နိုင်ငံ (၈) နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၏

Read More »

မတူပီမြို့နယ်၊ ဝေလူးကျေးရွာကို လေကြောင်းမှ ဗုံးကြဲပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနအမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန  ပူးတွဲ

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။