Republic of the Union of Myanmar
National Unity Government
Ministry of Human Rights
https://mohr.nugmyanmar.org/

ထုတ်ပြန်ကြေငြာချက်အမှတ်(၂၂/၂၀၂၂)
၁၃၈၄ ခုနှစ်၊ နတ်တော်လဆုတ် ၉ ရက်
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်

ရိုဟင်ဂျာဒုက္ခသည်များ၏ အခြေအနေနှင့်ပတ်သက်သော ထုတ်ပြန်ချက်

 

၁။ လက်ရှိ ပင်လယ်ပြင်၌ သောင်တင်နေပြီး မကြာသေးမီက မြန်မာနိုင်ငံသို့ အဓမ္မ ပြန်လည်ပို့ဆောင်ခံခဲ့ရသော ရိုဟင်ဂျာများ၏ ကြောက်မက်ဖွယ်ရာ အခြေအနေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက အလွန် စိုးရိမ်မိကြောင်း ဖော်ပြပါသည်။

၂။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန သတင်းရင်းမြစ်များ၏အဆိုအရ ရိုဟင်ဂျာဒုက္ခသည်များ သယ်ဆောင်သော စက်လှေသုံးစင်းထက်မနည်းသည် နိုဝင်ဘာလနှောင်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ထွက်ခွာခဲ့ပါသည်။

၃။ ရိုဟင်ဂျာဒုက္ခသည် ၁၅၄ဦး တင်ဆောင်လာသည်ဆိုသော စက်လှေတစ်စင်းကို ဗီယက်နမ်ကမ်းလွန်ကုမ္ပဏီ တစ်ခုက ကြားဖြတ်ကယ်ဆယ်ခဲ့ပြီး စက်လှေပေါ်ပါ ရိုဟင်ဂျာ ဒုက္ခသည်များကို မြန်မာနိုင်ငံရှိ တရားမဝင် အာဏာသိမ်းစစ်အုပ်စုထံ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။

၄။ နိုဝင်ဘာလ ၂၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာခဲ့သည့် ရိုဟင်ဂျာ ၁၈၀ ကျော် တင်ဆောင်လာသော ဒုတိယမြောက် စက်လှေသည် မလက္ကာရေလက်ကြားတွင် အင်ဂျင်ပျက်ကာ လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံပိုင်နက်အနီး ကျောက်ချထားပါသည်။ စက်လှေပေါ်ပါ ကလေးငယ်တစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြားလူအများအပြားမှာလည်း ပြင်းထန်သော ရေဓာတ်ကုန်ခန်းမှုနှင့် အစားအစာပြတ်လပ်မှုများ ကြုံတွေ့နေရပါသည်။    

၅။ တတိယမြောက်စက်လှေ မှာလည်း မည်သည့်နေရာသို့ ရောက်ရှိသည်ကို မသိရဘဲ စက်လှေပေါ်ပါသူများ အားလုံး ဘေးအန္တရာယ်ကင်းရေးအတွက် စိုးရိမ်မှုများ ရှိနေပါသည်။ ခန့်မှန်းချေ ရိုဟင်ဂျာ ၁၀၀ တင်ဆောင်လာသော အဆိုပါ တတိယမြောက်စက်လှေသည် နိုဝင်ဘာလ ၂၅ ရက်ဝန်းကျင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာခဲ့ပါသည်။

၆။ မလက္ကာရေလက်ကြား၌ သောင်တင်နေသော ရိုဟင်ဂျာဒုက္ခသည်များကို အရေးပေါ် အကူအညီပေးရန်နှင့် ပျောက်ဆုံးနေသော တတိယမြောက် စက်လှေ၏ တည်နေရာသိရှိနိုင်စေရန် အရေးပေါ် ကြိုးပမ်းမှုများကို ပံ့ပိုး ကူညီကြရန် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အာဆီယံအဖွဲ့နှင့် အဖွဲ့ဝင်နိုင်ငံများကို အနူးအညွတ်မေတ္တာရပ်ခံပါ သည်။

၇။ ရိုဟင်ဂျာများကို အသိအမှတ်ပြုရန် ငြင်းဆန်ပြီး၊ တမင်ရည်ရွယ်သော စနစ်တကျ ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရန် ညွှန်ကြားခဲ့သည့် တရားမဝင် အာဏာသိမ်းစစ်အုပ်စု၏ ဖိစီးနှိပ်စက်မှု သေချာပေါက် ကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသို့ ရိုဟင်ဂျာများကို မည်သည့်အခြေအနေတွင်မဆို ပြန်ပို့ရန်မသင့်ပါ

၈။ ရခိုင်ပြည်နယ်နှင့် မြန်မာတစ်နိုင်ငံတဝှမ်း အာဏာသိမ်းစစ်အုပ်စုက ကျူးလွန်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူသားချင်းစာနာမှုနှင့် လုံခြုံရေး အကျပ်အတည်းများက ရိုဟင်ဂျာများကို တိုင်းပြည်မှ ထွက်ပြေးစေပါသည်။ အစောပိုင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် မြန်မာနိုင်ငံမှထွက်ပြေးခဲ့ သည့် ရိုဟင်ဂျာများ ဘေးအန္တရာယ်ကင်းပြီး ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်ရေးကို တရားမဝင် အာဏာသိမ်းစစ်အုပ်စုက တားဆီးနေပါသည်။

၉။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်များကို ဆက်လက် ထောက်ပံ့နေသည့် အရေးပါသော အကူအညီများ ကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိအမှတ်ပြုပါသည်။ သို့သော်လည်း ရိုဟင်ဂျာဒုက္ခသည်များ စက်လှေဖြင့် ထွက်ခွာမှုများ သိသိသာသာ မြင့်တက်လာမှုက ဒုက္ခသည်စခန်းများတွင် ကန့်သတ်ခံထားရပြီး မြန်မာနိုင်ငံရှိ နေအိမ်များ၊ အသိုင်းအဝိုင်းများနှင့် သက်မွေးဝမ်းကြောင်းလုပ်ငန်းများထံ နေရပ်ပြန်ရေးအလားအလာ ငြင်းဆန်ခံရသည့် ရိုဟင်ဂျာများအနေဖြင့် ကြောက်မက်ဖွယ်ရာ အခြေအနေ မည်သို့ ကြုံတွေ့နေရသည်ကို ပြသနေပါသည်။     

Ministry of Human Rights
National Unity Government

Related Content

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဝင်းထရံ ရပ်ကွက်ရှိ ကျောက်တွင်းလုပ်ကွက် (ဝင်းထရံလုပ်ကွက်)ကို အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်

Read More »

Statement addressing reports of executions of pro-democracy activists by the illegal military junta in Myanmar The

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။