မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖြစ်စဉ်
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့၊ မနက်ပိုင်း ၇ နာရီ ၅၀ မိနစ်ခန့်တွင် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကားလမ်းပေါ်တွင်တည်ရှိသော ဆင်းဂွတ်ကျေးရွာ အနောက်ပိုင်း ရှိ၊ စာသင်ကျောင်း၊ လူနေအိမ်နှင့် လမ်းသွားလမ်းလာပြည်သူများကို အကြမ်းဖက်စစ်အုပ်စုမှ တိုက် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး(၂)လုံးကြဲချကာ Mi-35 ရဟတ်ယာဉ်ဖြင့်လည်း နာရီဝက်ခန့်ကြာ ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။ ထို့သို့ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးနှစ်အရွယ်နှင့် ငါးလ သား အရွယ်ကလေးငယ် ၂ ဦး အပါအဝင် မိသားစုလိုက် သေဆုံးမှု ဖြစ်စဉ် ၁ ခု ရှိခဲ့ပြီး ရပ်ကျေး ပကဖရဲဘော် (၈) ဦးနှင့် မြို့နယ် ပကဖ ရဲဘော်(၃) ဦး၊ ရဲမေ (၁) ဦးတို့ သေဆုံးခဲ့ပြီး ဖြစ်စဉ်အတွင်း စုစုပေါင်း(၁၈) ဦး သေဆုံးခဲ့ရသည်။
အသေးစိတ် အချက်အလက်များကို အောက်ပါ Infograph တွင် လေ့လာနိုင်ပါသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူ ဆောင်ရွက်သွားပါမည်။
