မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဝင်းထရံ ရပ်ကွက်ရှိ ကျောက်တွင်းလုပ်ကွက် (ဝင်းထရံလုပ်ကွက်)ကို အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀)ရက်နေ့၊ ညသန်းခေါင်ယံ ၁၂ နာရီ ၅ မိနစ်ခန့်၌ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရွာအုပ်စုနှင့် ပြောင်းပြင်အုပ်စုကြား၊ ဝင်းထရံ ရပ်ကွက်ရှိ ကျောက်တွင်းလုပ်ကွက် (ဝင်းထရံလုပ်ကွက်)ကို အကြမ်းဖက်စစ်အုပ်စု၏ လေတပ်မှ Y-12 လေယာဉ်ဖြင့် (၅)ကြိမ်၊ ဗုံး (၂၅)လုံးခန့် ကြဲချခဲ့သဖြင့် ပြည်သူ (၆)ဦး သေဆုံးပြီး ပြည်သူ (၁၄)ဦးခန့် ဒဏ်ရာရရှိခဲ့ကာ မိုးကာတဲများ ထိခိုက်ပျက်စီးခဲ့သည်။
အသေးစိတ် အချက်အလက်များကို အောက်ပါ Infograph တွင် လေ့လာနိုင်ပါသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူ ဆောင်ရွက်သွားပါမည်။
