Republic of the Union of Myanmar
National Unity Government
အမျိုးသမီး၊ လူငယ် နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဌာန
နှင့်
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန တို့၏
ထုတ်ပြန်ချက် (၂/၂၀၂၂)
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်
အပြည်ပြည်ဆိုင်ရာကလေးများနေ့နှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်
 
၁။ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာကလေးများနေ့ ဖြစ်သကဲ့သို့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါသည်။ ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာတဝှမ်း သက်ဆိုင်ရာ လူမျိုး၊ ဘာသာနှင့် ဓလေ့ထုံးစံများ ပါဝင်သည့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြီး ကလေးများပါဝင်ခွင့်နှင့် ပျော်ရွှင်ခွင့်ရအောင် နှစ်စဉ်ကျင်းပပြုလုပ်ကြပါသည်။
 
၂။အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ ကျင်းပရခြင်း ၏ အဓိက ရည်ရွယ်ချက်မှာ ကလေးများအတွက် ဘေးကင်းလုံခြုံသောနေရာ ပတ်ဝန်းကျင် ရရှိခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်များ ရရှိအောင် ကလေးပြုစုစောင့်ရှောက်သူများမှ မူဝါဒရေးဆွဲသူများအထိ ကလေးသူငယ်အခွင့်အရေး အတွက် ပိုမိုအလေးထားဆောင်ရွက်ပေးနိုင်ရေး အတွက် အသိပေးလုပ်ငန်းစဉ် တစ်ခုအနေဖြင့်ပါ ရည်ရွယ်ပြီး ဆောင်ရွက်ကြပါသည်။
 
၃။ စစ်ကောင်စီ၏ လူမဆန်သော သတ်ဖြတ် ဖမ်းဆီးမှုများ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ကြောင့် ကလေးသူငယ် ပေါင်း (၂၄၂) ဦးကျော် သေကြေပျက်စီးခဲ့ရပြီး ကလေး ထောင်ပေါင်းများစွာ ထိခိုက် နှစ်နာမှုများရှိနေပါသည်။
 
၄။ ကလေးငယ်ပေါင်း (၃၇၂) ဦး ကျော် ကို မတရား ဖမ်းဆီးထားပြီး ယနေ့အချိန်အထိ ကလေး (၃၀၃) ဦးခန့် မှာ ဆိုးရွားသော အချုပ်စခန်းများ၊ အကျဉ်းထောင်များတွင် ခက်ခဲကြမ်းတမ်းစွာ နေထိုင် ဖြတ်သန်းနေရလျက်ရှိသည်။
 
၅။ ယနေ့ကျရောက်သော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထွေထွေညီလာခံ သဘောတူစာချုပ် နှစ်ပတ်လည်နေ့နှင့် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့တွင် ကလေးတိုင်းအတွက် မိသားစုနှင့် လုံခြုံစွာ နေထိုင်ခွင့်၊ ပျော်ရွှင်စွာ စာသင်ကြားခွင့်နှင့်အတူ ကလေးသူငယ်အခွင့်အရေးများ ပြန်လည်ရရှိစေရန်အတွက် ကုလသမဂ္ဂအပါအဝင် ကလေးသူငယ် အရေး လုပ်ကိုင်ဆောင်ရွက်နေသူများအားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းလုပ်ဆောင်နိုင်ရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
 
၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဝန်ကြီးဌာနမှနေ၍ အပြည်ပြည်ဆိုင်ရာကလေးများနေ့ ရည်မှန်းချက်နှင့်အညီ မိမိတို့ ကလေးသူငယ်များအတွက် လုံခြုံစိတ်ချခွင့်၊ ဖွံဖြိုးတိုးတက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်နှင့် လွတ်လပ်ငြိမ်းချမ်းစွာ စာသင်ကြားခွင့်များ များမကြာမှီ ပြန်လည်ရရှိနိုင်ရန် ပြည်သူများအားလုံး နှင့် အတူ အထူးကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြော်ငြာအပ်ပါသည်။
 
Contact Us
[email protected] Ministry of Human Rights

Ministry of Women, Youths and Children Affairs
Ministry of Human Rights

Related Content

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ဝင်းထရံ ရပ်ကွက်ရှိ ကျောက်တွင်းလုပ်ကွက် (ဝင်းထရံလုပ်ကွက်)ကို အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်

Read More »

Statement addressing reports of executions of pro-democracy activists by the illegal military junta in Myanmar The

Read More »

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။