ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ပုသိမ်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများကို တရားလက်လွတ် အကြမ်းဖက်ခံရသည့်ဖြစ်စဉ် (အကျဉ်းချုပ်)
ညွှန်ကြားရေးမှူး ဦးဇော်စစ်အောင်အပါအဝင် ပုသိမ်ထောင်ဝန်ထမ်းများ၊ရဲတပ်ဖွဲ့များကြောင့် အကျဉ်းကျခံနေရသူ အယောက် (၇၀) ခန့်မှာ မတရားသဖြင့် အကြမ်းဖက်ခံရသည့်ဖြစ်စဉ် ဖြစ်ပွါးခဲ့ပါသည်။
ထိုအကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ကိုဝေယံဖြိုး(ခ)ရာစု အသက်(၃၃)နှစ် သည် မတရားသဖြင့် သေဆုံးခဲ့ရပြီး ကိုဝင်းမင်းထက်(ခ)မဲကြီး အသက်(၃၁)နှစ် မှာ ပျောက်ဆုံးနေဆဲဖြစ်ပါသည်။ ထို့ပြင် နိုင်ငံရေးအကျဉ်းသား (၇၀)ဦးခန့် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး (၉)ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်။
ဤ ဖြစ်စဉ်သည် UNSC resolution တွင် ပါဝင်သောနိုင်ငံရေးအကျဉ်းသားများကိုလွှတ်ပေးရန် ဆိုသည့် အချက်အား ပြောင်ပြောင်တင်းတင်းနှင့် အပြည့်အဝ ချိုးဖောက်ခြင်း ဖြစ်ပါသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေဖြင့် ယခုဖြစ်စဉ် အပါအဝင် အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ နှင့် မတရား သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး မှတ်တမ်းတင်ထိန်းသိမ်းလျက် သက်ဆိုင်ရာ ကုလသမဂ္ဂ အပါ အဝင် နိုင်ငံတကာအဖွဲ့အစည်းများထံ ပေးပို့ခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် တရားမျှတမှု ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း လေးလေးနက်နက် ကတိပြုအပ်ပါသည်။
Related Content