စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်၊နတ်မဟုတ်ကြီးကျေးရွာအတွင်း ဒေသခံ (၈) ဦး အစုလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ်

နိုဝင်ဘာလ(၂၇)ရက်နေ့၊၂၀၂၂ ခုနှစ်တွင် တပ်မ (၈၈)လက်အောက်ခံ ၊ခမရ (၃၀၁)မှ စစ်ကောင်စီတပ်သားများ၏ အကြမ်းဖက်မှုကြောင့် အသက် (၆၈)နှစ်အရွယ် အဘိုးအို တစ်ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ (၈)ဦး အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရပါသည်။
သတ်ဖြတ်ခံခဲ့ရသည့် အလောင်း အားလုံးက်ို ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် လက်ပြန်ကြိုးတုပ်လျက် အနေအထားဖြင့် ပြန်လည်တွေ့ရှိခဲ့ရပြီး
အလောင်း (၂)လောင်းအား ဦးခေါင်းဖြတ် သတ်ဖြတ်ခံရသည့် အနေအထားဖြင့် တွေ့ရှိခဲ့ရသည်။
ကျန် အလောင်းများအားလုံးတွင်လည်းဦးခေါင်းပိုင်း ဒဏ်ရာ ရနေမှုအခြေအနေ၊ ဦးနှောက်ထွက်နေမှုအခြေအနေများဖြင့် ပြန်လည်တွေ့ရှိခဲ့သဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ပြည်သူအား ဝါးရင်းတုတ်ဖြင့် ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားစွာတွေ့ရှိရသည်။
Related Content