“Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံသို့ ပြည်ထောင်စုဝန်ကြီတက်ရောက်

“Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံသို့ ပြည်ထောင်စုဝန်ကြီတက်ရောက်

ဆွစ်ဇလန်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ကြီးမှူးကျင်းပသည့် “Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့ပါသည်။

အဆိုပါ ညီလာခံကို အင်္ဂလန်နိုင်ငံ တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း (၃) ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာယန္တရားမှ ထိပ်တန်းအရာရှိများ၊ ဥရောပနိုင်ငံအစိုးရများမှ လူ့အခွင့်အရေးဆိုင်ရာ သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနများမှ အထူးတာဝန်ရှိသူများ၊ လူ့အခွင့်အရေးကို အားပေးလုပ်ဆောင်နေသော စီးပွားရေးလုပ်ငန်းရှင်များအပြင် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက် သူများတက်ရောက်ဆွေးနွေးခဲ့ကြသည်။

လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးများနှင့် ကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းစဉ်များ ရှိသော်လည်း မြေပြင်တွင် လုပ်ဆောင်နေသည့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၏ အန္တရာယ်ကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်မှု အခြေအနေများ အားနည်းနေမှုကို ထောက်ပြပြောဆိုခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများ အထူးကြုံတွေ့နေရသည့် မတရားဖမ်းဆီးခံရမှုများ၊ စစ်ဆေးရေးနှင့်ဖမ်းဆီး ထိန်းသိမ်းထားစဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုအခြေအနေများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် မိသားစုဝင်များအား ပစ်မှတ်ထား၍ ဖိနှိပ်ခံရမှုအခြေအနေများကို တင်ပြခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအရေးကို ဥရောပသမဂ္ဂ အဖွဲ့ဝင်များ အထူးအလေးထားလုပ်ဆောင်ရန်နှင့် ကုလသမဂ္ဂလုပ်ငန်းစဉ်ယန္တရားများတွင်လည်း ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အထူးတိုးတက်အောင် လုပ်ဆောင်ပေးရန် တိုက်တွန်းခဲ့သည်။လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကို အန္တရာယ်ပြုနေသည့် အကြမ်းဖက် စစ်တပ်ကဲ့သို့ ရာဇဝတ်မှုကျူးလွန်သည့်သူများကို နိုင်ငံတကာဥပဒေအရ အရေးယူပြီး အပြစ်မှ ကင်းလွတ်ခွင့် ရရှိနေမှုများကို အဆုံးသတ်ရန်လည်း တိုက်တွန်းပြောဆိုခဲ့သည်။
 

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။