ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်သည့် တာဝန်ရှိသူများက ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း (၁) မှ ပြည်သူ့ကာကွယ်ရေး ရဲဘော်များအား စစ်ဘက်ဆိုင်ရာကျင့်ဝတ်(Military Code of Conduct) သင်တန်းကို မေလ (၁၀) ရက်နေ့ က ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် လူ့အခွင့်အရေးဆိုင်ရာအခြေခံအသိပညာများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law)၊ ဂျီနီဗာသဘောတူစာချုပ်(Geneva Convention) တို့ အပေါ်အခြေခံ၍ အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ခြင်း၊ စစ်ရေးပစ်မှတ်သတ်မှတ်ခြင်း တို့အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရက ပြဌာန်းထားသည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ(COC) အစရှိသည်တို့ကို ရှင်းလင်းပို့ချခဲ့သည်။ တက်ရောက်လာသည့် ပြည်သူ့ ကာကွယ်ရေးရဲဘော်များ ကလည်း သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ပြီး အပြန်အလှန်ဆွေးနွေးဖလှယ်၍ ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်သည့် တာဝန်ရှိသူများက ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း (၁) မှ ပြည်သူ့ကာကွယ်ရေး ရဲဘော်များအား စစ်ဘက်ဆိုင်ရာကျင့်ဝတ်(Military Code of Conduct) သင်တန်းကို မေလ (၁၀) ရက်နေ့ က ပို့ချခဲ့ပါသည်။
အဆိုပါသင်တန်းတွင် လူ့အခွင့်အရေးဆိုင်ရာအခြေခံအသိပညာများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law)၊ ဂျီနီဗာသဘောတူစာချုပ်(Geneva Convention) တို့ အပေါ်အခြေခံ၍ အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ခြင်း၊ စစ်ရေးပစ်မှတ်သတ်မှတ်ခြင်း တို့အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရက ပြဌာန်းထားသည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ(COC) အစရှိသည်တို့ကို ရှင်းလင်းပို့ချခဲ့သည်။ တက်ရောက်လာသည့် ပြည်သူ့ ကာကွယ်ရေးရဲဘော်များ ကလည်း သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ပြီး အပြန်အလှန်ဆွေးနွေးဖလှယ်၍ ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့သည်။
