ခြေမြန်တပ်ရင်း (၃၆၁)၊ (၃၆၈)၊ (၃၆၉)တို့၏ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်မှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၂၂)ရက်နေ့အထိသုံးလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်မှု မျာ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြမ်းဖက်စစ်တပ် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (၁၀) လက်အောက်ရှိ ခြေမြန်တပ်ရင်း (၃၆၁)၊ (၃၆၈)၊ (၃၆၉)တို့၏ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်မှ ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၂၂)ရက်နေ့အထိသုံးလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်မှု များကို အစီရင်ခံစာ အဖြစ် မှတ်တမ်းပြုစု၍ ပြည်သူသို့တင်ပြအပ်ပါသည်။
အရပ်သားပြည်သူများအပေါ် ဦးတည်ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိဖြင့် ရက်ရက်စက်စက် သတ်ဖြတ်မှုများနှင့် နေအိမ်ပေါင်းထောင်ပေါင်းများစွာကို မီးရိူ့ဖျက်ဆီးမှုများအား ဆိုးဆိုးဝါးဝါးကျူးလွန်ခဲ့သည့် ထိုတပ်ရင်း (၃) ရင်း၏ ကျူးလွန်မှုများသည် လူသားမျိုးနွယ်တစ်ခုလုံးအပေါ်ကျူးလွန်သည့်ရာဇဝတ်မှု (Crime Against Humanity)နှင့် စစ်ပွဲဆိုင်ရာရာဇဝတ်မှု (War Crime)မြောက်ကြောင်းထင်ရှားသည်။
ထိုကျူးလွန်မှုများကို အမိန့်ပေးစေခိုင်းရာနှင့် ကျူးလွန်ရာတို့တွင် အဓိကတာဝန်ရှိသူများအား နိုင်ငံတကာရာဇဝတ်မှုဥပဒေများဖြင့်အရေးယူရန်လိုအပ်သည်။
ထိုသို့ဖော်ဆောင်ရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့် အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အလေးအနက်ထား ကတိပြုအပ်ပါသည်။
အသေးစိတ်အချက်အလက်များကို အောက်ပါ Infograph တွင် လေ့လာနိုင်ပါသည်။
Related Content



