ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ်ခရိုင် ၊ မင်းတပ်မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်များက လေကြောင်းတိုက်ခိုက်မှု

မင်းတပ်ခရိုင် ၊ မင်းတပ်မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်များက လေကြောင်းတိုက်ခိုက်မှု

အသေးစိတ်အချက်အလက်များကို အောက်ပါ Infograph တွင် လေ့လာနိုင်ပါသည်။

၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ (၇) ရက်နေ့မှ ဇန်နဝါရီလ (၂၃) ရက် နေ့အထိ အကြမ်းဖက်စစ်အုပ်စုက ဂျက်ဖိုက်တာလေယာဥ်များ ၊ ဟောင်ဝစ်ဇာလက်နက်ကြီးများ အသုံးပြုကာ ပစ်ခတ် တိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်အတွင်းရှိကျေးရွာ (၂) ရွာဖြစ်သော ပလိပ်ထွီရွာ၊ ဝမ္မသူးကျေးရွာတို့ မှ အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဘာသာရေးအဆောက်အဦ (၂) လုံး နှင့် ဒေသခံနေအိမ် (၁၀) လုံးပျက်စီးခဲ့ရပါသည်။
 
လိပ်ထွီကျေးရွာသည် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိပဲ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်(IDP)များကို ကူညီသော အရပ်သားစေတနာ့၀န်ထမ်းများ နေထိုင်သည့်ဘုန်းကြီးကျောင်းထိခိုက်ပျက်စီးခဲ့ရပြီးအကြမ်းဖက်စစ်အုပ်စုသည် ဘာသာရေးအဆောက်အဦးများ၊ စစ်ဘေးရှောင် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်းထင်ရှားစွာတွေ့ရှိရသည်။
 
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။