အကြမ်းဖက်စစ်ကောင်စီတပ်၊တပ်မ(၃၃)က စစ်ကိုင်းမြို့နယ်၊တာတိုင်ကျေးရွာမှ ပကဖခေါင်းဆောင် (၁) ဦးနှင့် အပြစ်မဲ့ပြည်သူ (၁၇) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်မှု
မတ်လ(၁),(၂) ရက်၊၂၀၂၃ ခုနှစ်
ထီးဆောင်းရွာတွင်အခြေချသော တပ်မ(၃၃) တပ်သားများသည် တာတိုင်ကျေးရွာနှင့် ပန်းချီကျေးရွာအားဝင်ရောက်စီးနင်း၍ ပ.က.ဖခေါင်းဆောင် ရဲဘော်မိုက်ကယ် (ခ) ကိုကျော်ဇော် အားဖမ်းဆီးကာ ခေါင်းခြေလက်များဖြတ်တောက်ပြီးဗိုက်ဖောက်ထုတ်ကာရက်စက်စွာသတ်ဖြတ်ခဲ့ပြီးနောက် တာတိုင်ကျေးရွာမှ တပ်ဆုတ်ချိန် ဒေသခံအမျိုးသမီးအပါအဝင် (၁၇) ဦးအား လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ရက်စက်စွာသတ်ဖြတ်ခဲ့သည်။
အိမ်ခြေ (၇၈)လုံးရှိသည့် တာတိုင်ကျေးရွာမှ အိမ်ခြေ (၆၀)အားလည်း မီးရှို့ဖျက်ဆီးခဲ့သည်။
အကြမ်းဖက်စစ်တပ်၏ လူမဆန်စွာ သတ်ဖြတ်ထားသော ပုံများ၊ အပြစ်မဲ့ပြည်သူများအား အူထုတ်၊ခေါင်းဖြုတ်၊ လက်အစိတ်အပိုင်းများ ဖြတ်တောက်၍ သတ်ဖြတ်ထားသော သက်သေ ဓာတ်ပုံများအားရရှိထားသော်လည်းအများ ပြည်သူ ကြည့်ရှုရန် မသင့်တော်သဖြင့် ထုတ်ပြန်ခြင်းမပြုပါ။
သို့သော် အဆိုပါ သက်သေဓာတ်ပုံများအား တရားစီရင် ရေးတွင် အရေးပါသော နိုင်ငံတကာအဖွဲ့ အစည်းများသို့ အချိန်နှင့်တပြေးညီ ပေးပို့ပြီးဖြစ်ကြောင်း တင်ပြအပ်ပါသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
Related Content



