အကြမ်းဖက်စစ်တပ်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ စလောင်းကျေးရွာနှင့် စလင်းမိုးငံကျေးရွာကြားရှိ ဆောင်းဖွေးဆေးရုံအား ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်မှု

အကြမ်းဖက်စစ်တပ်က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ စလောင်းကျေးရွာနှင့် စလင်းမိုးငံကျေးရွာကြားရှိ ဆောင်းဖွေးဆေးရုံအား ဂျက်ဖိုက်တာဖြင့် ပစ်ခတ်တိုက်ခိုက်မှု

အသေးစိတ်အချက်အလက်များကို အောက်ပါ လင့်တွင် လေ့လာနိုင်ပါသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၅)ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ တောင်ငူဘက်မှပျံသန်းလာသော ဂျက်ဖိုက်တာသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ စလောင်းကျေးရွာနှင့် စလင်းမိုးငံကျေးရွာကြားရှိ ကယန်းပြည်သစ်၊ ကယန်းအမျိုးသားကျန်းမာရေးကော်မတီ၏ လူထုအခြေပြု ကိုယ်ထူကိုယ်ထအဖြစ်ဖွင့်လှစ်ထားပြီး ကယန်းဒေသခံများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာမကျန်းဖြစ်သည့် စစ်ဘေးရှောင်အရပ်သားများကို ဆေးကုသမှု ပေးနေသော ဆောင်းဖွေးဆေးရုံကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သားပြည် သူများကို ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာ ဖြင့် (၃)ကြိမ် ပေါင်(၅၀၀)ဗုံး (၂)လုံးနှင့် (၁၂၀) မမဗုံးများ ကြဲချတိုက်ခိုက်ခဲ့ပါသည်။
 
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးဝန်ထမ်း(၁)ဦးတွင် ဒူးခေါင်းထိခိုက်ဒဏ်ရာ၊ အသက်(၆)နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သားပြည်သူ(၃)ဦးတွင်လည်း မျက်လုံးအပြင် ထွက်ကျသည့်ဒဏ်ရာ၊ ဝမ်းဗိုက်ထိခိုက်ဒဏ်ရာ၊ ခါးထိခိုက်ဒဏ်ရာနှင့် ခေါင်းထိခိုက်ဒဏ်ရာရှိခဲ့သည်။
 
Ministry of Human Rights, is committed to bring equality ,peace and Justice for people of Myanmar by all means.

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။