စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ (၁၉)ရွာအား စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ဖျက်စီးသတ်ဖြတ်ခဲ့မှုများ

စစ်ကိုင်းတိုင်း ၊ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ (၁၉)ရွာအား စစ်ကြောင်းထိုးဝင်ရောက်မီးရှို့ဖျက်စီးသတ်ဖြတ်ခဲ့မှုများ

အသေးစိတ်အချက်အလက်များကို အောက်ပါ Infograph တွင် လေ့လာနိုင်ပါသည်။

တပ်မ(၇၇)လက်အောက်ခံ၊ရန်ကုန်တိုင်းမှော်ဘီအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ-၇၀၁) နှင့် အမှတ် (၁၀)စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ မော်လိုက် အခြေစိုက် (ခမရ-၃၆၄) မှ အကြမ်းဖက်စစ်တပ်၏ အကြမ်းဖက်စစ်သားများသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့မှ ဒီဇင်ဘာာလ(၁၂)ရက်အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ နယ်၊ မူးမြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာ (၁၈)ရွာနှင့် ရေဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာအပါအဝင် စုစု ပေါင်း (၁၉)ရွာကို အကြမ်းဖက် စစ်ကြောင်းထိုးမီးရှို့ဖျက်စီးခဲ့ကြသည်။
 
အဆိုပါ အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် အမြင်အာရုံချို့ယွင်းနေသော အသက် (၈၀)အရွယ်အဘွားအို အပါအဝင် ၅ ဦးသေဆုံးခဲ့ရပြီး ရွာပေါင်း (၁၉)ရွာရှိ အိမ်ခြေ (၂၀၇၀) လုံး မီးရှို့ဖျက်စီးခံခဲ့ရပါသည်။
 
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

Related Content

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အောက်ပိုင်း အောက်ကျောက်ဝပ် ကျေးရွာတွင် အကြမ်းဖက်စစ်တပ် နှင့် ပျူစောထီးများ စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခဲ့မှုဖြစ်စဥ်

Read More »