စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊မင်းရွာ ကျေးရွာတွင် အကြမ်းဖက်ခံရမှုဖြစ်စဉ်
အကြမ်းဖက်စစ်ကောင်စီ ၏အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) လက်အောက်ခံတပ်များဖြစ်သည့် ခမရ(၁၁)၊ခမရ(၁၂)၊ခမရ(၁၃)ရှိ စစ်ကောင်စီ တပ်သားများသည် မင်းရွာရှိ ပြည်သူများကိုသတ်ဖြတ်၊နှိပ်စက်ခြင်းနှင့် ပြည်သူပိုင် ပစ္စည်းများကို ဖျက်စီးခြင်း ပြစ်မှုတို့ကို ကျူးလွန်ခဲ့ကြသည်။
အတည်ပြုနိုင်ခဲ့သော သေဆုံးသူများထဲတွင် အသက် (၈၀)အရွယ် ဒေါ် ရှင် ပါဝင်ခဲ့ပြီး နေအိမ်တွင်းမှာပင် မီးရှို့ သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။
ရွာသား(၅)ဦး ဖမ်းဆီးခံခဲ့ရပြီး ယင်းတို့အနက် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် တက္ကသိုလ် ကျောင်းဆရာ တစ်ဦး ပါဝင်ခဲ့သည်။
မင်းရွာရှိ ပြည်သူပိုင် အိမ်ခြေ (၄၀၀)ကျော် မီးရှို့ ဖျက်ဆီးခံခဲ့ရပါသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ၎င်းတို့ဘက်မှ ကျဆုံးသည့် စစ်ကောင်စီတပ်သားများကိုလည်း ၎င်းတို့ကိုယ်တိုင်မီးရှို့ထားရှိခဲ့ကြောင်း သက်သေများအရ သိရှိရသည်။
Related Content