ခင်ဦးမြို့နယ်အတွင်းရှိ မုံလှကျေးရွာ၊မြင်းဒေါင်းကျေးရွာတို့ လေကြောင်း၊ ကြည်းကြောင်းဖြင့် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်

စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်အတွင်းရှိ မုံလှကျေးရွာ၊မြင်းဒေါင်းကျေးရွာတို့ လေကြောင်း၊ ကြည်းကြောင်းဖြင့် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်

အသေးစိတ်အချက်အလက်များကို အောက်ပါ Infograph တွင် လေ့လာနိုင်ပါသည်။

အကြမ်းဖက်စစ်တပ်၏ တပ်မ (၃၃) မှ အကြမ်းဖက်စစ်သားများသည် မုံလှကျေးရွာ၊မြင်းဒေါင်းကျေးရွာ တို့အား လေကြောင်း၊ကြည်းကြောင်း နှစ်မျိုးစလုံးအသုံးပြု၍ အကြမ်းဖက်ခဲ့ခြင်းကြောင့် (၉) နှစ်အရွယ် ကလေးငယ် တစ်ဦးအပါအဝင် ပြည်သူ (၁၇) ဦး သေဆုံးခဲ့ရပါသည်။
ထို့ပြင် စစ်ရေးဆိုင်ရာပစ်မှတ်ဖြစ်ခြင်းမှ ကာကွယ်ခံရမည့် ကျေးလက်ကျန်းမာရေးဆေးပေးခန်းအပါအဝင် အိမ်ခြေ ၁၅၀ ခန့် မီးရှို့ ဖျက်စီးခံခဲ့ရပါသည်။
အသေးစိတ်အချက်အလက်များကိုအောက်ပါ Infograph တွင်လေ့လာနိုင်ပါသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

Related Content

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်အောက်ပိုင်း အောက်ကျောက်ဝပ် ကျေးရွာတွင် အကြမ်းဖက်စစ်တပ် နှင့် ပျူစောထီးများ စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခဲ့မှုဖြစ်စဥ်

Read More »