ချမ်းသာ ကျေးရွာမှ နှစ်ပေါင်း ၁၀၀ကျော် သက်တမ်းရှိ ခရစ်ယာန်ဘုန်းကြီးကျောင်းနှင့် ဗုဒ္ဓဘာသာ ဗိမာန်တော်ကြီးအပါအဝင် လူနေအိမ်များကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်စီးခြင်း

ချမ်းသာ ကျေးရွာမှ နှစ်ပေါင်း ၁၀၀ကျော် သက်တမ်းရှိ ခရစ်ယာန်ဘုန်းကြီးကျောင်းနှင့် ဗုဒ္ဓဘာသာ ဗိမာန်တော်ကြီးအပါအဝင် လူနေအိမ်များကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်စီးခြင်း

အသေးစိတ်အချက်အလက်များကို အောက်ပါ Infograph တွင် လေ့လာနိုင်ပါသည်။

ဘာသာရေးဆိုင်ရာသမိုင်းဝင်အမွေအနှစ်များအပါအဝင် လူနေအိမ်ခြေများကို မီးရှို့ဖျက်စီးအကြမ်းဖက်ခဲ့သူများမှာ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့အခြေစိုက်၊အမှတ်(၃၆၄) ၊ခြေမြတ်တပ်ရင်း နှင့် ရန်ကုန်တိုင်းမှော်ဘီအခြေစိုက် အမှတ်(၇၀၁) ခြေမြန်တပ်ရင်း ၊၇၀၃၊၇၀၄ နှင့် ခလရ ၃၆၁ နှင့် ၃၆၉ တပ်ရင်းများမှ အင်အား ၁၈၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်၏ စစ်သားများဖြစ်ပါသည်။
 
ရေဦးမြို့နယ်၊ ချမ်းသာရွာအား ဝင်ရောက် မီးရှို့ အကြမ်းဖက်မှုသည် ယခုအကြိမ်အပါအဝင် လေးကြိမ်ရှိပြီဖြစ်ပါသည်။
 
အသေးစိတ်အချက်အလက်များကိုအောက်ပါ Infograph တွင်လေ့လာနိုင်ပါသည်။
 
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။