စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ထနောင်းကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့၊ မနက် (၁၁) နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ထနောင်းကုန်းကျေးရွာ၊ မုံရွာ-ရေဦးလမ်းမပေါ်ရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ် နှင့် ကျေးရွာထိပ်ရှိ ဆေးပေးခန်းကို အကြမ်းဖက်စစ်အုပ်စု ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ ဒရုန်းနှစ်စီးဖြင့် တိုက်ခိုက်ခဲ့သည်။ ထိုသို့ ဗုံးကြဲတိုက်ခိုက်ခဲ့မှု ကြောင့် CDM ကျန်းမာရေး ဆရာမ ၁ ဦး၊ ဒေသခံ ကာကွယ်ရေး ရဲဘော် ၄ ဦး ပလဖ အဖွဲ့ဝင် ၁ ဦး စုစုပေါင်း ၆ ဦး သေဆုံးပြီး ဆေးပေးခန်း ပျက်စီးခဲ့သည့်အပြင် ပြည်သူ ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။
Ministry of Human Rights, is committed to bring equality ,peace and Justice for people of Myanmar by all means.
Related Content



