၅၂ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ အမျိုးသားညီညွတ်ရေးအစိုးရကတင်သွင်းသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများ အစီရင်ခံစာ

၅၂ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ အမျိုးသားညီညွတ်ရေးအစိုးရကတင်သွင်းသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများ အစီရင်ခံစာ

ဖေဖော်ဝါရီလ(၂၇)ရက် ၂၀၂၃

ယနေ့ထုတ်ပြန်ကြေညာသည့် အောက်ဖော်ပြပါ ကြေညာချက် သည် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၅၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့တင်သွင်းသည့် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာဖြစ်ပါသည်။

ဤလူ့အခွင့်အရေးအစီရင်ခံစာတွင် အကြမ်းဖက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိကျုးလွန်ခဲ့သည့် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုဖြစ်စဉ်များ၊ လူသားမျိုးနွယ်အပေါ် ကျုးလွန်သည့်ဖြစ်စဉ်များ၊ပြည်သူလူထုအပေါ် နှိပ်စက်ညှင်းပန်းခဲ့မှုများ စသည့် ကျုးလွန်ခဲ့သည့် ရာဇဝတ်မှုများကို တိကျခိုင်လုံသော သက်သေများစွာဖြင့် တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။ ပြည်သူလူထုအနေဖြင့် အောက်ဖော်ပြပါ ထုတ်ပြန်ကြေညာချက်တွင် အသေးစိတ် လေ့လာနိုင်ပါသည်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။

အသေးစိတ်အချက်အလက်များကို အောက်ပါ လင့်တွင် လေ့လာနိုင်ပါသည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။