ပြည်ထောင်စုဝန်ကြီးနှင့် ဖိလစ်ပိုင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းနှင့် မြန်မာ့အရေး လှုပ်ရှား ဆောင်ရွက်နေသည့် Burma Solidarity Philippines အဖွဲ့ဝင်များသည် ဇူလိုင်လ (၂၅) ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အမတ်များနှင့် တွေ့ဆုံပြီး ဖိလစ်ပိုင် လွှတ်တော်များအနေဖြင့် မြန်မာ့အရေးကို ယခုထက်ပိုမို၍ လုပ်ဆောင်သွားနိုင်မည့်လုပ်ငန်းစဥ်များ ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအရေးကို တက်ကြွစွာ ဆောင်ရွက်နေသည့် ဖိလစ်ပိုင် Senator Ms. Risa Hontiveros နှင့် Rep.France L.Castro၊ Rep.Raoul Danniel Abellar Manuelတို့နှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြေပြင်တွင် တိုးတက်ဖြစ်ပေါ်လာနေသည့် တော်လှန်ရေး အောင်မြင်မှုများကိုတင်ပြခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအား ထိထိရောက်ရောက် အားပေးထောက်ခံ ရပ်တည်ရန် တိုက်တွန်း ပြောဆိုခဲ့သည်။

၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမည့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မြန်မာ့အရေးနှင့် ပတ်သက်သည့် လုပ်ဆောင်မှုများကို ယခုနှစ်ကတည်းက စတင်လုပ်ဆောင်ရန်နှင့် လွှတ်တော်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လွှတ်တော်ကိုယ်စားပြုကော်မတီနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ အပါအဝင် ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန် တက်ရောက်လာသူများက ဆွေးနွေး တင်ပြခဲ့ကြသည်။
ဖိလစ်ပိုင် အထက်လွှတ်တော် နှင့် အောက်လွှတ်တော်အမတ်များကလည်း မြန်မာပြည်သူများ၏ ဖယ်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတိုက်ပွဲအပေါ် သွေးစည်းညီညွတ်စွာ ရပ်တည်နေလျက် ရှိကြောင်း ပြောကြားခဲ့ပြီး ဆက်လက်လုပ်ဆောင်နိုင်မည့်လုပ်ငန်းများအား တက်ရောက်လာသူများနှင့် ဆက်လက် လက်တွဲလုပ်ဆောင်သွားရန် တိုင်ပင်ဆွေးနွေးနွေးခဲ့ကြသည်။
Related Content