ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် နှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် နှင့် တွေ့ဆုံ

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းနှင့် မြန်မာ့အရေးကို လှုပ်ရှား ဆောင်ရွက်နေသည့် မြန်မာနှင့် ဖိလစ်ပင်းတက်ကြွလှုပ်ရှားသူများအဖွဲ့သည် ဇူလိုင်လ (၂၆) ရက်နေ့က ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် (Commission On Human Rights Philippines) ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
 
ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင်(Commission On Human Rights-Phillippines) ဥက္ကဋ္ဌ Hon.Richard P.Palpal-Latoc နှင့် ကော်မရှင်နာ Hon.Faydah Maniri Dumarpaတို့ နှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီးက အကြမ်းဖက်စစ်အုပ်စုပေါ်တွင် နိုင်ငံတကာမှ အရေးယူဆောင်ရွက်နေမှုအခြေအနေများ၊လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်ပတ်သက်၍ တာဝန်ခံမှုနှင့် သက်ဆိုင်သော လှုပ်ရှားတောင်းဆိုမှုများအခြေအနေနှင့် ဖိလစ်ပိုင်နိုင်ငံနှင့် အစိုးရ၏ မြန်မာနိုင်ငံအပေါ် သဘောထားများ နှင့် ပတ်သက်၍ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့သည်။
 
ဖိလစ်ပိုင်လူ့အခွင့်အရေးကော်မရှင်အနေနှင့် မြန်မာ့အရေးတက်ကြွလှုပ်ရှားနေသည့် အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်ကာ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေကို ပိုမိုသိရှိနားလည်အောင် ဆောင်ရွက်ပြီးနိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
 
ထို့ပြင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းရန်ကြိုးပမ်းစဉ်ကစ၍ ယခုအချိန်အထိ အကြမ်းဖက်စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုထုတ်ဖော်ပြောကြားခြင်း၊ ချိုးဖောက်ခံပြည်သူများနှင့် ရပ်တည်ချက် အလျဉ်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုဘက်တွင် ရပ်တည်နေသည့် အခြေအနေများ၊ ပြည်သူလူထု၏ လေးစားယုံကြည် အားကိုးမှု ပျောက်ဆုံးနေသည့် အခြေအနေများကို တက်ရောက်လာသူများက တင်ပြခဲ့သည်။
 
မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သည် ပဲရစ်မူဝါဒ နှင့်အညီ လူ့အခွင့်အရေးချိုးဖောက်မှုများကို စွမ်းစွမ်းတမံတားဆီးခြင်း၊လူ့အခွင့်အရေးပညာပေးမြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ဆောင်နိုင်မှု မရှိခြင်းကြောင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ပါဝင်နေသည့် ဒေသတွင်းဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းများ တွင် အသိအမှတ်ပြုခြင်းမပြုရန် တောင်းဆိုခဲ့သည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။