ဖလော်ရီဒါ ပြည်နယ်၌ကျင်းပပြုလုပ်သည့် တော်လှန်ရေးအထောက်အကူပြု ရံပုံငွေပွဲနှင့် လက်ဖက်ရည်စကားဝိုင်းသို့ ပြည်ထောင်ဝန်စုဝန်ကြီး တက်ရောက်
လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်ဝန်စုဝန်ကြီး၊ဦးအောင်မျိုးမင်း သည် အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်၌ ဇူလိုင်လ (၇) ရက်နေ့က ကျင်းပပြုလုပ်သည့် တော်လှန်ရေးအထောက်အကူပြု ရံပုံငွေပွဲနှင့် လက်ဖက်ရည်စကားဝိုင်းသို့ တက်ရောက်ခဲ့သည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာသော မြန်မာပြည်ဖွား တိုင်းရင်းသား လူမျိုးများ၊မြန်မာ့အရေးကို တက်ကြွလှုပ်ရှားသူများနှင့် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံ ဆွေးနွေးခဲ့ပြီး သိရှိလိုသော မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်ရှိလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခြင်း၊ ယခုရောက်ရှိနေသည့် လူ့အခွင့်အရေးခရီးစဉ်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် အကြောင်းအရာများကိုရှင်းလင်းပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့သည်။
Related Content


