ပြည်သူ့ကာကွယ်ရေးတပ်မတော် (People’s Defence Force) နှင့် စစ်သည်တော်ကျင့်ဝတ်စည်းကမ်းများ
ဖော်ပြပါ video ဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ (၁၀၁၄) လေကြောင်းရန်ကာကွယ်ရေးတပ် အင်ကြင်းမြိုင်စခန်းကို မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ မှတ်တမ်း video ဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စုရဲ့စခန်းကို စည်းစနစ်တကျ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ဖမ်းဆီးရမိတဲ့ သုံ့ပန်းများကို Geneva Convention ပါအချက်အလက်တွေ၊အမျိုးသားညီညွတ်ရေးအစိုးရ ကချမှတ်ထားတဲ့ စစ်သည်တော်ကျင့်ဝတ်စည်းကမ်း( Code of Conduct) တွေကိုလေးစားလိုက်နာပြီး ကာကွယ်စောင့်ရှောက်နေပုံတွေ၊ ရှင်းလင်းပြောကြားနေပုံတွေကို တွေ့ရှိရပါတယ်။
အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေရင်း တပြိုင်နက် ကောင်းမွန် ခိုင်မာအားကောင်းပြီး စည်းကမ်းလိုက်နာမှုအပြည့်အဝရှိတဲ့ စနစ်တခုကို ထူထောင်ပေးနေတဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော်သား၊ တော်လှန်ရေးအင်အားစုများအားလုံးကို လူ့အခွင့်အရေးဝန်ကြီးဌာနက လေးစားဂုဏ်ယူမိပါကြောင်းအလေးအနက်ထား ဖော်ပြအပ်ပါတယ်။
Facebook
Twitter
LinkedIn
ဆက်စပ်ပိုစ့်များ

ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး
ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း(၁) အား စစ်ဘက်ဆိုင်ရာကျင့်ဝတ်သင်တန်းပေး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊

“Improving the support and protection of Human Rights Defenders to strengthen civic space” ညီလာခံသို့ ပြည်ထောင်စုဝန်ကြီတက်ရောက်
“Improving the support and protection

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်း
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၏ ခရစ်နှစ် ၂၀၂၅ ခုနှစ်

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ
၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ လှုပ်ရှားမှုများ ဒီဇင်ဘာလ
