ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် ဩစတြေးလျနိုင်ငံတွင်ပြုလုပ်သည့် တော်လှန်ရေး အထောက်အကူပြုပွဲသို့ တက်ရောက်
ဒုတိယဝန်ကြီး၊ခွန်းဗဟန်းထန်သည် မေလ (၅) ရက် နေ့က ဩစတြေးလျနိုင်ငံ၊မဲလ်ဘုန်းမြို့တွင်ပြုလုပ်သည့် အဆိုတော်ဒေးဗစ်လိုင်၏ တော်လှန်ရေးအထောက်အကူပြုရံပုံငွေရှာဖွေရေးတေးဂီတ ဖျော်ဖြေပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။
အဆိုပါ မိန့်ခွန်းတွင် “မိမိတို့အနေဖြင့် နွေဦးတော်လှန်ရေးတွင် ကရင်နီပြည်နယ်နှင့် ချင်းပြည်နယ်မှ အကြမ်းဖက်စစ်အာဏာရှင်ကို ပွိုင့်တူးတူး ၊တူမီးလက်နက်တို့ကိုင်ဆွဲပြီ စတင်ပြန်လည် ခုခံစစ်ဆင်နွှဲခဲ့တာဖြစ်ကြောင်း၊တော်လှန်ရေးပိုမိုအားကောင်းလာပြီး တော်လှန်ရေးကာလအတွင်းမှာပင် ဖက်ဒရယ် ပြည်ထောင်စုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို စတင် ကျင့်သုံးဆောင်ရွက်နေတာဖြစ်ကြောင်း၊ မျက်မှောက်တော်လှန်ရေး အချိုးအကွေ့ပေါင်းများစွာနှင့် အရှိန်ပြင်းပြင်းအားကောင်းကောင်းလုပ်ဆောင်နိုင်ခြင်းသည် နိုင်ငံတကာတွင်ရှိသည့်မိဘပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်အတူ အနုပညာရှင်များ၏စွမ်းစွမ်းတမံ ပါဝင်ရပ်တည်ပါဝင်ပေးမှုကြောင့်လည်းဖြစ်သည့်အတွက် ပြည်သူလူထုနှင့် အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း” စသည့် အချက်များ ထည့်သွင်းပြောကြားခဲ့ပါသည်။
အဆိုပါ ရံပုံငွေ ဖျော်ဖြေပွဲသို့ ဩစတြေးလျနိုင်ငံရှိ ပြည်ထောင်စုဖွားတိုင်းရင်းသားများ တက်ရောက်အားပေးခဲ့ကြသည်။
Related Content


