ပြည်ထောင်စုဝန်ကြီး၊နယူးဇီလန်နိုင်ငံရှိ KIA KAHA အဖွဲ့အစည်းနှင့် တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းသည် မေလ (၇) ရက်နေ့တွင် နယူးဇီလန်နိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Rt.Hon.Helen Clark ဦးဆောင်သည့် KIA KAHA အဖွဲ့အစည်း နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲတွင် နယူးဇီလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှု အကူညီများအပါအဝင် လက်တွေ့ကျသော ကူညီမှုများပေးအပ်နိုင်ရေး အတွက် နယူးဇီလန် အစိုးရအား တိုက်တွန်းပြောဆိုမှုများပြုပေးရန် အချက်များကို ဆွေးနွေးခြင်း၊အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်ရှိဆောက်ရွက်နေမှုများနှင့် လူ့အခွင့်အရေးအခြေအနများကို ဆွေးနွေးခြင်း၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေဖြင့် လူသားချင်းကူညီရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ထားရှိသည့် သဘောထားများ၊နိုင်ငံတကာနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ လုပ်ဆောင်မှုများအပေါ် ထားရှိသည့် ရပ်တည်ချက်များအား ပွင့်လင်းမြင်သာစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
Related Content


