တောင်ကိုးရီးယားသမ္မတဟောင်း၊ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဖြစ်သည့် ကင်မ်ဒယ်ဂျွန်း၏ ပြတိုက်သို့ ပြည်ထောင်စုဝန်ကြီး သွားရောက်ဂါရဝပြု
ပြည်ထောင်စုဝန်ကြီး၊ဦးအောင်မျိုးမင်းသည် ၁.၂.၂၀၂၄ ရက်နေ့တွင် တောင်ကိုးရီးယားသမ္မတဟောင်း၊ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဖြစ်သည့် ကင်မ်ဒယ်ဂျွန်း၏ ပြတိုက် (Former President and Noble Peace Prize Laureate Kim Dae-Jung Meseum) သို့ သွားရောက်ဂါရဝပြုခဲ့သည်။
အဆိုပါ ပြတိုက်သို့ သမ္မတ(ဟောင်း) ကင်မ်ဒယ်ဂျွန်း၏ မြေးဖြစ်သူမှ ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး၎င်းကိုယ်တိုင်လိုက်လံရှင်းလင်းပြသခဲ့ကြောင်းလည်းသိရှိရပါသည်။
သမ္မတ(ဟောင်း) ကင်မ်ဒယ်ဂျွန်းသည် တောင်-မြောက် ကိုးရီးယား ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့်အပြင် တောင်ကိုးရီးယားနိုင်ငံအတွင်း ပြုပြင်တိုးတက်မှုများ အတွက်လည်း ကြိုးပမ်းလုပ်ဆောင်ခဲ့သည့် သမ္မတဟောင်း တဦးလည်းဖြစ်ပါသည်။
Related Content


