ကိုးရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် မြန်မာ့ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ သည့် သူရဲကောင်းများအား အောက်မေ့တမ်းတသည့် အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီး တက်ရောက်
တောင်ကိုးရီးယားနိုင်ငံ၊ လွှတ်တော်အဆောက်အဦအမှတ် (၇)အစည်းအဝေးခန်းမ၌ ၁.၂.၂၀၂၄ ရက်နေ့တွင်“နွေဦး တော်လှန်ရေးလက်ရှိ အခြေအနေနှင့် ၁၀၂၇ စစ်ဆင် ရေး နောက်ပိုင်းအလားအလာ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် စကားဝိုင်း ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း တက်ရောက် ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ၁၀၂၇ စစ်ဆင်ရေး၏ ထူးခြားချက်၊ အောင်မြင်ချက်များ၊ စစ်ဆင်ရေးနှင့်စပ်လျဉ်း၍ အမျိုးသား ညီညွတ်ရေးအစိုးရ နှင့် ဒီမိုကရေစီအင်အားစုများ ရှေ့ဆက်ဆောင်ရွက်နေမှုများ အား ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့မှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ကိုးရီးယားနိုင်ငံလွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာ့အရေး ဆောင်ရွက်နေသည့် ပါမောက္ခများ၊ ကျောင်းသားကျောင်းသူများ နှင့် အရပ်ဖက် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
Related Content


