အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ် အဖွဲ့နှင့် ကနေဒါနိုင်ငံခြားရေးဌာန အဆင့်မြင့်တာဝန်ရှိသူများတွေ့ဆုံ
အောက်တိုဘာ ၂၉
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်ပြီး ဒုတီယဝန်ကြီး ဦးအောင်ကျော်မိုး၊ အကြံပေးနှင့် ပြောရေးဆိုခွင့်ရှိသူ ဥိးကျော်ဇော်တို့သည် အောက်တိုဘာလ၂၇ ရက်နေ့တွင် ကနေဒါနိုင်ငံခြားဌာနမှ Assistant Deputy Minister (Indo Pacific) Mr. Weldon Epp အပါအဝင် အဆင့်မြင့်အရာရှိကြီးများနှင့် Global Robertson Room တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင်မြန်မာနိုင်ငံမြေပြင်ပေါ်မှအခြေအနေဖြစ်ပေါ်တိုးတက်မှုများကိုအပြန်အလှန်ပွင့်လင်းရင်းနှီးစွာဆွေးနွေးခဲ့ကြပါသည်။ NUG အစိုးရကိုယ်စားလှယ်အဖွဲ့မှ မြန်မာနိုင်ငံတွင်း အကြမ်းဖက်စစ်အုပ်စု၏လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့် နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်မှုများအပေါ် အရေးယူနိုင်ရေးနှင့် ပတ်သက်၍ တင်ပြ ဆွေးနွေးခဲ့ကြသည်။
ကနေဒါအစိုးရအနေဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရသည့် မြန်မာပြည်သူများအတွက်တရားမျှတမှုဖော်ဆောင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းပေးကြရန်၊ နိုင်ငံတကာတွင် အကြမ်းဖက်စစ်အုပ်စုတရားစွဲဆိုနိုင်ရေးအတွက် ကြိုးပမ်းနေသော NUG ၏ လုပ်ဆောင်မှုများကို ထောက်ခံရန်တို့ကို တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့ပြင် လူသားချင်းစာနာမှုအကူအညီများနှင့် လေယာဉ်ဖြင့် ဗုံးကြဲခြင်းအပါအဝင် အကြမ်းဖက်မှုမျိုးစုံကို ကာကွယ်နိုင်မည့် လက်တွေ့ကျသည့်အကူအညီများ ကူညီပေးနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
Related Content


