အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်တွေ့ဆုံ
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် သမ္မတရုံး အကြံပေး ဦးကျော်ဇောတို့သည် အောက်တိုဘာ ၂၇ ရက် က ကနေဒါ နိုင်ငံခြားရေးဒုတိယဝန်ကြီး Mr. David Morrison နှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ကနေ မြန်မာနိုင်ငံနွေဦးတော်လှန်ရေးနှင့် တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေသည့် ကနေဒါအစိုးရအား မြန်မာပြည်သူများ ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်ပြီး စစ်အာဏာရှင်စစ်ဆန့်ကျင်ရေးနှင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးအတွက် ဆထက်ထမ်းပိုး ကူညီလုပ်ဆောင်ပေးရန် တိုက်တွန်းပြောဆိုခဲ့ပါသည်။
အကြမ်းဖက်စစ်အုပ်စုကို တရားစွဲဆိုပြီး ပြည်သူများအတွက် တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက် ယခုထက်ပိုသော နိုင်ငံတကာ စည်းရုံးလှုံ့ဆော်မှုများကို ဦးဆောင် လုပ်ဆောင်သွားရန်၊ နိုင်ငံတကာအကူအညီများကို နယ်စပ်ဒေသဖြတ်ကျော်၍ ပေးအပ်သွားရန်၊ ပိုမိုထိရောက်သည့်ပိတ်ဆို့အရေးယူမှုများလုပ်ဆောင်ပေးရန်၊
ဒီမိုကရေစီအင်အားစုများအတွက် လိုအပ်လျက်ရှိသော နည်းပညာအကူအညီအထောက်အပံ့များ ပေးအပ်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
Related Content


