၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ တရက်အတွင်း စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့ တရက်အတွင်း စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ

Can Explore detailed information and witness in the following Infograph.

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို၊ ဟိုကတ်ရပ်ကွက်ရှိ ည စျေးတန်းနှင့်ကျားဖြူခန်းမ နေရာ တို၌ပေါင် (၅၀၀)ဗုံးဖြင့် (၂)ကြိမ်တိုင် ဗုံးကြဲပြီး တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါအဝင် (၁၁)ဦး သေဆုံးခဲ့ပြီး (၁၂) ဦး ထိခိုက်ဒဏ်ရာရကာ ဆိုင်ခန်းအပါအဝင် နေအိမ်(၁၀)လုံး အထက်ထိခိုက် ပျက်စီးခဲ့သည်။

နောင်ချိုမြိုနယ်၊ရွှေမုဌောရွာကိုလည်း နံနက်စောစောစီးစီး ( ၁၂ )နာရီ ခွဲဝန်းကျင်တွင် လေယာဉ် (၃) စီးဖြင့်(၂)ကြိမ်၊ ဗုံး(၂၅)လုံး ကြဲချခဲ့မှုကြောင့် ကလေးငယ် (၁)ဦး သေဆုံးခဲ့ရပါသည်။

ချင်းပြည်နယ်၊ မင်းတပ်မြိုနယ်၊ တိုက်နယ်(၄)ရှိ ကျေးရွာတရွာကိုလည်း ယနေ့ နံနက် (၂) နာရီ (၄၀) မိနစ်တွင် တိုက်လေယာဉ် ဖြင့် အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

မကွေးတိုင်း၊ မြိုင်မြိုနယ်၊ လက်ယက်မကျေးရွာ စာသင်ကျောင်းကို နေ့လယ်(၁)နာရီခွဲဝန်းကျင် တွင် လေကြောင်းမှ ပေါင်(၂၀၀)ဗုံးဖြင့် (၂)ကြိမ်တိုင်တိုင် လာ ရောက်ဗုံးကြဲ ချတိုက်ခိုက်သောကြောင့် (၁၀)နှစ်အရွယ် ကလေးငယ် (၁) ဦး အပါအဝင် ပြည်သူ (၅)ဦး နေရာတွင် သေဆုံးခဲ့ပြီး (၄)ဦးဒဏ်ရာရရှိခဲ့သည်။ ၎င်းဒဏ်ရာရလူနာများမှ ဆေးကုသမှုခံယူနေစဉ်အတွင်း (၁)ဦး ထပ်မံသေဆုံးခဲ့သည်။

ဖယ်ခုံမြိုနယ်၊ လအိကျေးရွာ၊ ဘန်ကောက်စစ် ဘေးရှောင်စခန်းကို တိုက်လေယာဉ် (၂) စီးဖြင့် (၃)ကြိမ် ဗုံးကျည်တွေချ၍ ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် ကလေး (၇) ဦး အပါအဝင် စုစုပေါင်း အရပ်သားပြည်သူ (၂) ဦး – စုစုပေါင်း(၉)ဦး သေဆုံးခဲ့ပါသည်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။