မေလ ၂၇ ရက်မှ ဇွန်လ ၅ ရက်နေ့အတွင်း အကြမ်းဖက်စစ်အုပ်စုမှ ကောလင်းမြို့နယ် အတွင်း၌ သတ်ဖြတ်ခဲ့သည့် အလောင်း ၉ လောင်း တွေ့ရှိပြီး ပြည်သူ ၄ ဦး ပျောက်ဆုံးခြင်းဖြစ်စဉ်
Ministry of Human Rights, is committed to bring equality ,peace and Justice for people of Myanmar by all means.
Can Explore detailed information and witness in the following Infograph.
၂၀၂၃ခုနှစ်၊ မေ လ(၂၆) ရက် နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့မှ ထွက်လာသည့် အင်အား(၇၀)ကျော်ခန့်ရှိ အကြမ်းဖက်စစ်အုပ်စု ခမရ ၃၆၉ တပ်နှင့် ကိုးတောင်ဘို့ မှ ထွက်လာသည့် ခမရ ၃၆၃ ၊ခလရ ၁၃၇ တို့နှင့်ပူးပေါင်းကာ အင်အား (၁၀၀)ခန့်ရှိသည့်ပူးပေါင်းတပ်တို့မှ ကောလင်းမြို့နယ်၊ ကျောက်ပြင်သာတိုက်နယ်အတွင်း စစ်ကြောင်းထိုးစစ်ဆင်ခဲ့ကြပြီ’ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စံလယ်ရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် စစ်အုပ်စုဘက်မှ ထိခိုက် ဒဏ်ရာရရှိခဲ့ကြသည်။ ထို့နောက် မေ ၂၇ ရက်နေ့တွင် သစ်ဖုလှတောင်၌ အခြေစိုက်ထားသည့် အကြမ်းဖက်စစ်အုပ်စုတို့မှ အင်အားအလုံးအရင်းဖြင့်ကောလင်းမြို့နယ်အရှေ့ခြမ်း ကျေးရွာများအတွင်း စစ်ကြောင်းထိုးဝင် ရောက်လာ ခဲ့ပြီး ဒေသခံပြည်သူ ၁၃ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။
ထို့နောက်ဇွန်လ ၅ ရက်တွင် အကြမ်းဖက်စစ်အုပ်စုမှဖမ်းဆီးခေါ်ဆောင်သွားသည့် ပြည်သူများ၏ ရုပ်အလောင်း ၈ လောင်းနှင့် ဇွန် ၆ ရက်တွင် ၁ လောင်း စုစုပေါင်း ၉ ဦး၏ရုပ်အလောင်းအား ပြန်လည် တွေ့ခဲ့ရသည်။ ကျန်ရှိသော ဖမ်းဆီးခံခဲ့ရသည့် ပြည်သူ ၄ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး အတည်မပြုနိုင်သေးကြောင်း သိရသည်။ ဖမ်းဆီးသတ်ဖြတ်ခံရသည့်သူများမှာ အင်ပင်လှ ကျေးရွာအုပ်စု အတွင်းရှိ ဘောင်ကုန်းရွာ၊ မုတ်ဝရွာ၊ ဖက်ယား ကုန်းရွာနှင့် ချပ်ကုန်းရွာ များမှဒေသခံပြည်သူများဖြစ်သည်။
Related Content



