ချင်းပြည်နယ် ၊ ထန်တလန်မြို့နယ် ၊ ခွါဖိုကျေးရွာ အား အကြမ်းဖက်စစ်အုပ်စု က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု
၂၀၂၃ခုနှစ်၊ မတ်လ ( ၃၀ ) ရက်နေ့၊ နံနက် (၁၀:၂၀) အချိန်တွင် အကြမ်းဖက်စစ်အုပ်စု၏ Mi-35 လေယာဉ်(၂)စီးသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှ ( ၅ )မိုင်ခန့်အကွာ ၊ အိမ်ခြေ (၅၃)စု လူဦးရေ ၂၃၀ ခန့်နေထိုင်သော ခွါဖိုကျေးရွာ ကို ( ၂ ) ကြိမ် ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
အဆိုပါဗုံးကြဲတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတကာမှ အသိအမှတ် မပြုသည့် ဖော်စဖောရပ်စ် မီးလောင်ဗုံး နှင့် ကလာစမာမိုင်း ပဒေသာဗုံးများ အသုံးပြုခဲ့ခြင်း ဖြစ်ပြီး ပြည်သူ (၈)ဦးသေဆုံးကာ၊ (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ခြင်းအသင်းတော် ဘုရားကျောင်း (၂) ဆောင် နှင့် ပြည်သူပိုင်လူနေအိမ်(၇) လုံးပျက်စီးခဲ့သည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
Related Content



