အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် နေအိမ်များကို မီးရှို့ဖျက်ဆီး လူသတ် အကြမ်းဖက်မှုဖြစ်စဉ်
မတ်လ(၃) ရက်၊၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာသို့ မတ်လ(၃)ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား(၄၀)ခန့်ဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲကာ လက်နက်ကြီးများဖြင့် အချက် (၂၀)ခန့် ရမ်းသမ်းပစ်ခတ်၍ ဝင်ရောက်ကာ ပြည်သူနေအိမ်များကို လောင်စာဆီများအသုံးပြုမီးရှို့ခဲ့သည်။
ထိုသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်(၁၃)နှစ်အရွယ် မောင်ပြည့်ဖြိုးဦး၊ အသက်(၅၀)အရွယ် ဦးဖိုးမင်း၊ အသက်(၆၇)နှစ်အရွယ် ဒေါ်စန်းကြည်တို့ အသက်ဆုံးရှုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ် (၇၀)ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေး တည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကိုအပြစ်ပေး အရေးယူ နိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။
Related Content



