စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများ အကြမ်းဖက်ခံရသည့်ဖြစ်စဉ်

 
စစ်ကိုင်းတိုင်း၊ရေဦးမြို့နယ်အတွင်းရှိ မြို့ကြီးရွာ၊ ဇီးကုန်းရွာ၊ တင်းတိမ်ရံရွာ များကို စစ်ကောင်စီတပ်မှ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၂၈၊၂၉၊၃၀ ရက်များတွင် စစ်ကြောင်းထိုးတိုက်ခဲ့ပြီး ရွာသား စုစုပေါင်း ၂၉ဦး အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရပါတယ်။
 
စစ်ကောင်စီတပ်များရဲ့ မီးရှို့ဖျက်စီးမှုကြောင့် တင်းတိမ်ရံရွာအတွင်းရှိ အိမ်ခြေ ၃၁၄ လုံး၊ ဆိုင်ခန်းပေါင်း ၃၅၉ ၊MPT ရုံးခန်း တစ်ခန်း၊ ဘုန်းကြီးကျောင်း တစ်ကျောင်း မီးလောင်ကျွမ်းခဲ့ပါတယ်။
 
အဆိုပါ အကြမ်းဖက်မှုကို ကျုးလွန်သူများမှာ တပ်မ (၃၃)အပါအဝင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အခြေစိုက်တပ်များ ဖြစ်ကြောင်းသိရှိပါတယ်။

Related Content

အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းဆိုင်ရာသတင်းပေးပို့ တိုင်ကြားရန်

ယခုပေးပို့သည့်အချက်အလက်များကို လုံခြုံစွာထိန်းသိမ်းထားရှိမည်ဖြစ်ပါသည်။ ခွင့်ပြုချက်ရရှိမှသာ သတင်းထုတ်ပြန်ခြင်းနှင့်တရားမျှတမှုဖော်ဆောင်သည့်လုပ်ငန်းများတွင်အသုံးပြုခြင်းများကို လုပ်ဆောင်မည်ဟု ကတိပြုပါသည်။